![]() |
(စစ်ကောင်စီတပ် ဖျက်ဆီးပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - YRCIDP) |
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေတောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ယခင်က၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် မောက်ရွာရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းမည့် ဆန်တင်း ၁၅၀ကျော်ကိုလည်း စိုက်ခင်းများအတွင်းသို့ ဖြန့်ကြဲ ဖျက်ဆီးခဲ့ကြောင်း ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်များသည် မောက်ရွာနှင့် လက်ပန်ရွာတို့တွင် အင်အား ၅၀ခန့်စီဖြင့် စခန်းချထားသည်ဟု သိရကြောင်း ၊ ရွှေတောင်ရွာအတွင်း ပျက်စီးဆုံးရှုံးမှုကို ကောက်ယူနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
မကွေးတိုင်း ယောဒေသရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေရေး၊ စားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကို 'ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ' (YRCIDP) မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကူအညီများစွာ ထပ်မံလိုအပ်နေကြောင်း အသိပေးထားသည်။
ထို့ကြောင့် ပြည်တွင်၊းပြည်ပအလှူရှင်များအနေဖြင့် ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ Facebook Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
People's Spring

No comments:
Post a Comment