ကန့်ဘလူ ဇီးကနားရွာကို လုယက်မီးရှို့တဲ့ စစ်အုပ်စုက ဒေသခံတွေကို လက်ပြန်ကြိုး တုပ်ကာ ဓားစာခံ ဖမ်းဆီး၊ အမျိုးသားတွေကို ပြန်လွှတ်ပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို ပြန်မလွှတ်သေး၊

စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့သွားတဲ့ ဇီးကနားရွာနှင့် ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်က ရွာတွေထဲ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးးကြဲစဉ်/Photo – CJ

စက်တင်ဘာ - ၉

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုက စက်တင်ဘာ (၇)ရက်မှာ ဇီးကနားရွာကို ဝင်မွှေလုယက် မီးရှို့ပြီးနောက် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် တစ်ဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူ ငါးဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ(၇)ရက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်က ဇီးကနားနဲ့ နှောကုန်းရွာတွေကို စစ်အုပ်စုက လေကြောင်းကနေ နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ စကစ အင်အား(၁၈၀)ခန့် ချထားပြီးနောက် ကျေးရွာတွေကထဲ စီးနင်း ဝင်မွှေ လုယက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဇီးကနားရွာထဲ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် မနေ့က စက်တက်ဘာ (၈)ရက် နေ့လယ်ပိုင်းမှာ နေအိမ်ခြောက်လုံးကို မီးရှိ့ ဖျက်ဆီးခဲ့သလို ကျေးရွာထဲ ပိတ်မိနေတဲ့ အမျိုးသား၊ အမျိုးသမီး၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်း အားလုံးကို ကြိုးနဲ့တုပ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ညနေပိုင်း ဇီးကနားရွာထဲက ပြန်ထွက်ချိန်မှာ ကြိုးတုပ်ရိုက်နှက် နှိပ်စက်ခံထားရတဲ့ ပြည်သူတေါထဲက အမျိုးသားလေးဦးနှင့် အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို ကြိုးတုပ်ခေါ်သွားပြီး စစ်ကြောင်းရှေ့ကနေ လျှောက်ခိုင်းကာ ပေါက်ကုန်းရွာဘက် ကူးသွားတယ်လို ကိုးတောင်ဘို့ တော်လှန်ရေး အင်အားစု KTB-R က ပြောပါတယ်။

"ညနေ (၆)နာရီလောက်မှာ ဇီးကနားရွာရဲ့ အရှေ့ဘက် ပေါက်ကုန်းရွာဘက်ကို သူတို့ (စစ်အုပ်စု)ထွက်တယ်။ ထွက်တဲ့အခါမှာ မိုင်းကွင်းတွေ ရှိတော့ သူတိုတော်တော်နဲ့ မထွက်ရဲဘူး။ အဲဒါကြောင့် ဓားစာခံ ငါးဦးကို ကြိုးတုပ် ခေါ်သွားတာလို့ ယူဆရတယ်။ အခုလက်ရှိ အမျိုးသား လေးယောက်ကို ပြန်လွှတ်ပေးပြီးတော့ အမျိုးသမီးငယ် တစ်ဦးကိုတော့ ပေါက်ကုန်းမှာ အထိုင်ချထားတဲ့ တပ်စခန်းအထိ ခေါ်သွားတယ်"လို KTB-R ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ဇီးကနားနဲ့ ကိုးတောင်ဘို့ကြားက ပေါက်ကုန်းအထိုင်တပ်နဲ့ ပေါင်းသွားပြီး အဲဒီရွာမှာ ဆက်ရှိနေပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ သြဂုတ်လကတည်းက စတင်ပြီး ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်တွေထဲ ရဟတ်ယာသ်တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်သလို ရွာစဉ်ပတ်မွှေပြီး လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေလို့ ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပြီး လွတ်အောင်မပြေးနိုင်တဲ့ ပြည်သူတွေ ဖမ်းဆီး ညှဉ်းပန်း သ-တ်-ဖြတ်ခံနေရတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ကန့်ဘလူ ဇီးကနားရွာကို လုယက်မီးရှို့တဲ့ စစ်အုပ်စုက ဒေသခံတွေကို လက်ပြန်ကြိုး တုပ်ကာ ဓားစာခံ ဖမ်းဆီး၊ အမျိုးသားတွေကို ပြန်လွှတ်ပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို ပြန်မလွှတ်သေး၊ ကန့်ဘလူ ဇီးကနားရွာကို လုယက်မီးရှို့တဲ့ စစ်အုပ်စုက ဒေသခံတွေကို လက်ပြန်ကြိုး တုပ်ကာ ဓားစာခံ ဖမ်းဆီး၊ အမျိုးသားတွေကို ပြန်လွှတ်ပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို ပြန်မလွှတ်သေး၊ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.