မန္တလေးမှာ အရက်ဝယ်နေတဲ့ စကစ ရဲတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊

စက်တင်ဘာ - ၉ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးအနီးက စတိုးဆိုင်တစ်ဆိုင်မှာ အရပ်ဝတ်နဲ့ အရက်လာဝယ်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး တစ်ယောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ(၈)ရက် မနေ့ည (၇)နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ ဒေါ်မြလေးဘုရားအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စကစရဲတစ်ယောက်က စတိုးဆိုင်ထဲ အရက်ဝယ်နေချိန် အြပ်ငမှာ စောင့်နေတဲ့ ရဲတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရတာလို့ ဆိုပါတယ်။ 

“ သေတဲ့ရဲက အမှတ် (၁၀) ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရခိုင်ကြီးတဲ့ “ လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ 

ကန်ပတ်လမ်းအတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်ကနေ ပစ်ခတ်သွားတာဖြစ်ပြီး အမှတ် (၁၀) ရဲစခန်းက နယ်ထိန်း ရဲတပ်ကြပ် အောင်ညွန့်ဟာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ၊ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ၊ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာတို့ ရရှိပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။ 

ဒါ့အပြင် အဲဒီနယ်ထိန်းကိုင်ဆောင်တဲ့ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ကျည် (၁၂) တောင့်၊ AGT လမ်းလျှောက် စကားပြောစက် တစ်လုံးနဲ့ နယ်ထိန်းစီးတဲ့ ဆိုင်ကယ်တစ်စီးကို ပတ်ခတ်သူတွေက ယူဆောင်သွားတယ်လို့လည်း စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။ 

ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။ 

မန္တလေးမှာ ပြီးခဲ့တဲ့ မေ(၂၈)ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ထဲက စစ်အုပ်စုသတင်းပေး ထော့ကျိုးဆိုသူကို (၃၈)လမ်းနဲ့ (၉၁)လမ်းထောင့်က စတိုးဆိုင်မှာ အရက်ဝယ်နေချိန် ပစ်ခတ်ရှင်းလင်း ခံခဲ့ရပါသေးတယ်။ 


Mandalay Free Press - MFP

မန္တလေးမှာ အရက်ဝယ်နေတဲ့ စကစ ရဲတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊ မန္တလေးမှာ အရက်ဝယ်နေတဲ့ စကစ ရဲတစ်ယောက် ပစ်ခတ်ရှင်းလင်းခံရ၊ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.