မဲခေါင်၊ စက်တင်ဘ ၉
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ မနေ့မနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ အများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မိုးဗြဲPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့ မနက်ပိုင်းက ဝှါရီဆူးပလိုင်ရွာကနေ ဗိုးမြဲဘက်ကို အင်အား (၁၀၀)ဝန်းကျင်နဲ့ စစ်ကောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဟာ တစ်နေကုန်နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့သလို ၁၂ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲPDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ထံကနေ MA1 - ၂ လက်၊ MA2 - ၃ လက်၊ MA3 - ၄ လက်၊ ငါးကြင်းမှီး - ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ပိုက်ဆံ ၆၇၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မနေ့က တိုက်ပွဲမှာ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က အသေးစားဒဏ်ရရှိသူ ၃ ဦး ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာလည်း မိုးဗြဲမြို့မှာ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထပ်မံအသိပေးထုတ်ပြန်ထားပါတယ်။
မနေ့ကဖြစ်ပွားတဲ့ မိုးဗြဲတိုက်ပွဲမှာလည်း ရှမ်းတောင်က ဆေးတပ်နဲ့ ၁၀၀၈တပ်ရင်းတို့ စစ်မြေပြင်ကယ်ဆယ်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ Mobye PDF Rescue Team-MPRTက ထုတ်ပြန်ထားပါတယ်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment