အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား

SEP 28,2022

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မီးတင်ရှို့ခဲ့ပြီး ထွက်မပြေးနိုင်သည့် သက်ကြီး ရွယ်အိုများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် စက်တင်ဘာ ၂၆ ရက်နေ့ အောက်တောကျေးရွာတွင် တပ်စွဲနေထိုင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် အောင်းကုန်းကျေးရွာသို့ဝင်၍ ညအိပ်တပ်စွဲခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အောင်းကုန်းကျေးရွာလူနေအိမ်  ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“တခြားမီးမရှို့တဲ့အိမ်တွေထဲကလည်း ပစ္စည်းတွေကိုအပြင်ထုတ်ပြီး မီးပုံရှို့သွားတယ်တဲ့။ အသက် ၇၀ အရွယ် ၈၀ အရွယ်တွေကိုလည်းဖမ်းထားတယ်။ ဘယ်နယောက်ဖမ်းထားတယ်ဆိုတာတော့ မသိရသေးဘူး။ မြင်မျက်တွေ့တဲ့သူတွေရှိတယ် ဖမ်းခံထားရတာ အိမ်ကတော့ ခုမီးငြိမ်းသွားပြီး ဆက်လောင်တာတော့မရှိသေးဘူး” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


Kachin News Group 

အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.