နမခဗိုလ်တဦးနဲ့ တပ်သားတဦး အစစ်ဆေးမခံလို့ ပစ်ခတ်မှုဖြစ်ပြီး ၂ဦးလုံးသေဆုံး


မြောင် ၊ စက်တင်ဘာ ၈ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာ အထိုင်ချနေတဲ့ နမခ ဗိုလ်တဦးနဲ့ တပ်သားတဦး စက်တင်ဘာ ၇ရက် မနေ့က မနက်ပိုင်း ဆိုင်ကယ်နဲ့ ထွက်လာလို့ PDF က စစ်ဆေးချိန်မှာ ခုခံဖို့ လုပ်လို့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ TTA ပြောက်ကျားတပ် ဆီကသိရပါတယ်။

အရပ်ဝတ်နဲ့ ထွက်လာတဲ့ ဗိုလ်နဲ့ တပ်သား၂ဦးကို သနပ်ကုန်းရွာမြောက်ဘက်အထွက်မှာ စစ်ဆေးမှုပြုလုပ်ချိန်မှာ တပ်သားက သေနတ်နဲ့ ထုတ်ပစ်ဖို့ ပြုလုပ်ခဲ့တာကြောင့် PDF ဘက်က စပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TTA ပြောက်ကျားတပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

" သူတို့ပါလာတဲ့တပ်သားတယောက်က G3 သေနတ်ကိုမောင်းကောက်ဆွဲ့တယ်၊ဗိုလ်ကတော့ဆိုင်ကယ်စီးတာ၊ကျနော်တို့ဘက်ကစပြီးပစ်တယ်၊ပစ်တော့‌ရှေ့ကဗိုလ်တယောက်က နေရာတင်မှာမှန်ပြီးကျတယ်၊တပ်သားကအကာအကွယ်တွေနဲ့ပြေးခွင့်သာသွားတယ်" လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားလည်း သေနတ်ဒဏ်ရာနဲ့ ကျောက်ရစ်ရဲစခန်းကို ပြန်ရောက်သွားခဲ့ပေမယ့် စက်တင်ဘာ ၈ရက် ဒီနေ့မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီဗိုလ်နဲ့ တပ်သား၂ဦးဟာ ကျောက်ရစ်အထိုင်ရဲစခန်းကနေ သနပ်ကုန်းရွာနဲ့ ‌ရွှေတချောင်းရွာလက်တွေကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို လှည်းနဲ့တိုက်ပြီး ကားတွေနဲ့ပါ သယ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေတာတွေ ရှိလို့ PDF ဘက်က ကင်းပုန်းချထားချိန်မှာ ကင်းပုန်အဖွဲ့နဲ့ တွေ့ပြီး ပစ်ခတ်မှုဖြစ်ကာ အသက်၃၀ ဝန်းကျင်ရှိတဲ့ ဗိုလ်အဆင့်ရှိသူနဲ့ တပ်သားတဦးတို့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

နမခဗိုလ်တဦးနဲ့ တပ်သားတဦး အစစ်ဆေးမခံလို့ ပစ်ခတ်မှုဖြစ်ပြီး ၂ဦးလုံးသေဆုံး နမခဗိုလ်တဦးနဲ့ တပ်သားတဦး အစစ်ဆေးမခံလို့ ပစ်ခတ်မှုဖြစ်ပြီး ၂ဦးလုံးသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.