တမူးမြို့၊ နန်းဖာလုံရပ်ကွက်နဲ့ တမူး-အောင်ဇေယျကားလမ်းပေါ်မှာသွားလာနေတဲ့ပြည်သူတွေကို ဓားပြတိုက်တဲ့ဂုဏ်းထဲကအဖွဲ့ဝင် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF-Tamu တပ်ရင်း(၁) က ယနေ့ သြဂုတ် ၇ ရက်နေ့က ဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။
ဖမ်းဆီးရမိတဲ့လူငယ်ဟာ တမူးမြို့၊ မြို့မ (၁၃)ရပ်ကွက်မှာနေထိုင်တဲ့သူလို့လည်းသိရတယ်။ တရားခံအား ထပ်မံစစ်ဆေးရာ ကွင်းဆက်ဓားပြအဖွဲ့ဝင်တွေစာရင်းကို အတိအကျသိရှိထားပြီး အခြားဓားပြသမားတွေလည်း ဖမ်းဆီးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF-Tamu တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။
ယခုနှစ်အတွင်းမှာ တမူးမြို့တွင်းနဲ့ တမူး-အောင်ဇေယျကားလမ်းပေါ်က ပြည်သူတွေ မကြာခဏ ဓားပြတိုက်မှုဖြစ်ပွားလျက်ရှိပါတယ်။
Zalen
တမူးမြို့နယ်မှာ ဓားပြတိုက်နေတဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:01
Rating:

No comments:
Post a Comment