စစ်တပ်သတင်းပေးဟုဆိုသူ မန္တလေးကမ်းနားလမ်းတွင် ပစ်ခတ်ခံရ


စက်တင်ဘာ ၂၈

မန္တလေးမြို့၊  ချမ်းအေးသာစံမြို့နယ် ၊ကမ်းနားလမ်းတွင် ယနေ့ (စက်တင်ဘာ ၂၈) နံနက် ပိုင်းက စစ်တပ်သတင်းပေးဟု နာမည်ထွက် နေသူတစ်ဦးသေနတ်ဖြင့်ပစ် ခတ်ခံရပြီး သေဆုံးနိုင်ကြောင်းမြို့ခံများထံကသိရသည်။

စစ်တပ်သတင်းပေးဟု အမည် ထွက်နေသူ ကိုမဲကြီးဆိုသူ ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်မှန်ပြီးနောက် ဧရာဝတီမြစ်အတွင်းခုန်ချသွားကြောင်းမျက်မြင်တွေ့ရှိသူများကပြောသည်။

အဆိုပါ ပစ်ခတ်မှုကိုမည်သည့်အဖွဲ့ အစည်းကပြုလုပ်ခြင်းကိုမသိရသေးပေ။

မဲကြီးဆိုသူသည် မရမ်းခြံဆိပ်ကမ်းတွင် နေထိုင်သူဖြစ်ကြောင်းသိရပြီး မရမ်းခြံဆိပ်ကမ်း၏တောင်ဘက်ကမ်းနားလမ်းတွင် ၎င်း၏ မိတ်ဆွေ အမျိုးသားတစ်ဦးနှင့်စကားပြောနေစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ် ပြီး မိတ်ဆွေဖြစ်သူအမျိုးသားမှာခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

"ရေထဲခုန်ချသွားပြီး ၂နာရီလောက်အထိ ပေါ်မလာဘူး။ သေသွားပြီထင်တယ်။ ရဲ တွေနဲ့စစ်တပ်ရောက်လာတဲ့အချိန်အထိ ပြန်ပေါ်မလာဘူး။ ခြေထောက်ထိသွားတဲ့သူကိုတော့လာပစ်တဲ့သူတွေက ပြန်တောင်းပန်သွားတယ် လို့ကြားတယ်" ဟု မျက်မြင်တစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူ မဲကြီးသည် စစ်ကောင်စီသတင်းပေးဟုတ်မဟုတ်ကို လူငယ့်ခေတ် အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

မန္တလေးမြို့တွင် သြဂုတ်လနှင့် ယခုစက်တင်ဘာလအတွင်း မြို့ပြပျောက် ကြားအဖွဲ့ဝင် များ ရာနှင့်ချီကာ ဖမ်းဆီးခံထားရသည်။


Lu Nge Khit

စစ်တပ်သတင်းပေးဟုဆိုသူ မန္တလေးကမ်းနားလမ်းတွင် ပစ်ခတ်ခံရ စစ်တပ်သတင်းပေးဟုဆိုသူ မန္တလေးကမ်းနားလမ်းတွင် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.