မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီး၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ


မွန်ပြည်နယ်၊ ‌မော်လမြိုင်၊ သထုံနှင့် ရေးမြို့တို၌ ယနေ့စက်တင် ဘာလ ၉ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်း၌ နံနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများစီးနင်းလာသည့် ခြောက်ဘီးကားကြီးတစ်စီးကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Federal Freedom UG က သတင်းထုတ်ပြန်သည်။

၎င်းစစ်ဆင်ရေးသည် မောင်မောင်ကျော် စစ်ဆင်ရေးဖြစ်ပြီး စစ် ကောင်စီတပ်သားများ ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးဟု ဆိုသည်။

ဒါအပြင် နံနက် ၁၁ နာရီဝန်းကျင်တွင်လည်း သထုံမြို့နယ် မီတာရုံးကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် လက်ပစ်ဗုံး ၂ လုံးဖြင့် သွားရောက်ပစ် ခတ်ခဲ့ကြာင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဘန်ဘာအတွင်းကင်းစောင့်ရင်း ဖုန်းသုံးနေသည့် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်ခဲ့ကြောင်း သထုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေးမြို့တွင်လည်း နံနက် ၁၁ နာရီခွဲကျော်က မြို့လယ်ရှိ ခရိုင်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Tachileik News Agency 

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီး၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီး၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.