တပ်မ ၆၆ ကစစ်သားတဦး ရေစကြိုမှာ ဖမ်းဆီးခံရပြီး ပြန်ခုခံလို့ ရှင်းလင်းခံခဲ့ရ


ရေစကြို၊ စက်တင်ဘာ ၇၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာ တပ်မ ၆၆ က စစ်သားတဦးဖမ်းဆီးခံရပြီး ပြန်လည်ခုခံတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်မှာ ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ 

တပ်သား အောင်ဇင်ဦး ( ကိုယ်ပိုင်အမှတ် - ၁၂ xxxx ) ဖြစ်ပြီး၊ ၂၂ ရက် မနက်ပိုင်းမှာ ရေစကြိုမြို့နယ်ထဲက သူ့ရွာကိုပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ကာ စစ်ဆေးမေးမြန်းနေချိန်အတွင်းမှာ ပြန်ခုခံတဲ့အတွက် အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ ရှင်းလင်းခဲ့တယ်လို့ N-YSO ပြောက်ကျားတပ်ဖွဲ့ ဗိုလ်လင်းက ပြောပါတယ်။ 

“သစ်ကြီးတောရွာသားပါ၊ သူကမိဘနဲ့အဆင်မပြေလို့ တပ်ထဲဝင်သွားတာ၊ ရွာကိုခဏပြန်အလာမှာ ကျနော်တို့အဖွဲ့ကသတင်းရလို့ ရွာထဲဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာ၊ ဖမ်းဆီးစစ်ဆေးနေချိန်မှာ သူက ကျနော်တို့ကိုကလန်ကဆန်လုပ်ပြီး ပြန်လည်ခုခံတာနဲ့ သုတ်သင်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။ 

တပ်သား အောင်ဇင်ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး၊ သူရဲ့ အလောင်းကို N-YSO ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပဲ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

တပ်မ ၆၆ ကစစ်သားတဦး ရေစကြိုမှာ ဖမ်းဆီးခံရပြီး ပြန်ခုခံလို့ ရှင်းလင်းခံခဲ့ရ တပ်မ ၆၆ ကစစ်သားတဦး ရေစကြိုမှာ ဖမ်းဆီးခံရပြီး ပြန်ခုခံလို့ ရှင်းလင်းခံခဲ့ရ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.