ကလေးမှ UG စခန်းတစ်ခုကို မီးဝင်ရှို့သည့် အာဏာသိမ်းတပ်က အနီးမှ လယ်သမားနှစ်ဦးကိုပါ ပစ်သတ်သွား


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း UG စခန်းတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး စခန်းကိုမီးရှို့ဖျက်ဆီးသွားသည့်အပြင် အနီးဝန်းကျင်မှ လယ်ယာလုပ်နေသည့် ဒေသခံနှစ်ဦးကို ပစ်သတ်သွားကြောင်း ကလေး PDF တပ်ရင်း -၂ က သတင်းထုတ်ပြန်သည်။

အင်အား ၅၀ ဝန်းကျင်ပါသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့‌ရာ UG ရဲဘော်များ ဘေးကင်းစွာလွတ်မြောက်ခဲ့သော်လည်း  စခန်းမီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်လုပ်ရိုင်ဖယ် (၁) လက်၊ ဖုန်းနှင့် ပစ္စည်းအချို့ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်က UG စခန်းအနီး လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ ၂ ဦးကိုပါ ပစ်သတ်သွားပြီး လေးအိမ်စုကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ကလေး PDF၊ ကလေးမြို့နယ် ပ.က.ဖ၊ UG ရဲဘော်များက ပြန်လည်ထိုးစစ်စဥ်ရန် လေးအိမ်စုကျေးရွာသို့ချဥ်းကပ်လာစဉ် စစ်ကောင်စီတပ်က လက်ပံခုံကျေးရွာမှာတဆင့် ကလေးမြို့ဒကစတပ်ဘက် ဆုတ်ခွာသွား၍ တိုက်ပွဲမဖြစ်ခဲ့ကြောင်း သိရသည်။


Tachileik News Agency 

ကလေးမှ UG စခန်းတစ်ခုကို မီးဝင်ရှို့သည့် အာဏာသိမ်းတပ်က အနီးမှ လယ်သမားနှစ်ဦးကိုပါ ပစ်သတ်သွား ကလေးမှ UG စခန်းတစ်ခုကို မီးဝင်ရှို့သည့် အာဏာသိမ်းတပ်က အနီးမှ လယ်သမားနှစ်ဦးကိုပါ ပစ်သတ်သွား Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.