မုံရွာမြို့အဝင်ရှိ စစ်ကောင်စီဂိတ်စခန်းအား PDF ကဝင်ရောက်ပစ်ခတ်၊ စကစတပ်သား (၆) ဦးထက်မနည်းသေဆုံး


ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ မအူစစ်ဆေးရေးဂိတ်အား ယနေ့ နံနက် ၂ နာရီပတ်ဝန်းကျင်က မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ PDF ရဲဘော်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ စကစတပ်သား (၆) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

" ပြောက်ကျားထိုးစစ်ဆင်မှု ၄၅ မိနစ်ကြာမြင့်ခဲပြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် စကစတပ်သား (၆) ဦးကျော်သေဆုံးကာ ဒီထက်လဲပိုနိုင်သေးတယ် " လို့ Chindwin Attack Force ကထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် - Chindwin Attack Force တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့မေတ္တာကြောင့် တိုက်ပွဲအတွင်း ရဲဘော်များ အထိအခိုက်လုံးဝမရှိခဲ့ကြောင်း သိရသည်။


PDF Newsflash

မုံရွာမြို့အဝင်ရှိ စစ်ကောင်စီဂိတ်စခန်းအား PDF ကဝင်ရောက်ပစ်ခတ်၊ စကစတပ်သား (၆) ဦးထက်မနည်းသေဆုံး မုံရွာမြို့အဝင်ရှိ စစ်ကောင်စီဂိတ်စခန်းအား PDF ကဝင်ရောက်ပစ်ခတ်၊ စကစတပ်သား (၆) ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.