ဂန့်ဂေါမှာ PDF များ၏သတင်းများ စစ်ကောင်စီထံပေးနေသော ဆရာမနှစ်ဦး ရှင်းလင်းခံရ


ဂန့်ဂေါ ၊ ဩဂုတ် ၁၈ ၊ ၂၀၂၂ ။

မကွေးတိုင်း၊ ဂန့်ဂေါမြို့ ၊ မင်းရွာမှ ကျောင်းဆရာမနှစ်ဦးက PDF များ၏လှုပ်ရှားမှုများကိုစစ်ကောင်စီထံ သတင်းပေးနေသောကြောင့်  ရှင်းလင်းခဲ့ကြောင်း CDF-KKG Battlion-5 Gangaw Region တာဝန်ခံက မြေလတ်အသံကိုပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီနှင့် MRTV မှ ညီမဖြစ်သူထံ သတင်းများပေးနေ ကြောင်း ဝန်ခံခဲ့သည့်အတွက် ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ထံကသိရသည်။

"သူတို့စစ်ကောင်စီသတင်းပေးနေတာကသေချာတယ်၊ အခုနေပြည်တော် MRTV မှာလုပ်နေတာ သူ့ညီမအရင်းရှိတယ်၊ ဒီဘက်ကသတင်းအချက်အလက်တွေကို သူတို့ကသတင်းယူပြီးသွားသွားပို့နေတာ၊ သူတို့ကစစ်တပ်အားပေးတွေပါ၊ တော်လှန်ရေးသမားတွေရွာထဲ ဝင်တာကအစလုံးဝမလိုလားကြဘူး၊တော်လှန်ရေးသမားတွေသူတို့ အိမ်ရှေ့ဖြတ်တာကို စစ်သားခေါပြီးပစ်ခိုင်းမယ်လုပ်တာ။ ရွာခံတွေကလည်းသတင်းအတိအကျပေးလို့ဒါမျိုးလုပ်လိုက်ရတာပါ၊" ဟု CDF-KKG Battlion-5 Gangaw Region တာဝန်ခံကပြောသည်။

ကျောင်းဆရာမနှစ်ဦးမှာ ဒေါ်ယမင်းအေးနှင့် ဒေါ်စန်းစန်းမြင့် တို့ဖြစ်ပြီး Non CDM မူလတန်းကျောင်းအုပ်နှင့် ဘော်ဒါဆောင်များဖွင့်လှစ်ထားကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ဂန့်ဂေါမှာ PDF များ၏သတင်းများ စစ်ကောင်စီထံပေးနေသော ဆရာမနှစ်ဦး ရှင်းလင်းခံရ ဂန့်ဂေါမှာ PDF များ၏သတင်းများ စစ်ကောင်စီထံပေးနေသော ဆရာမနှစ်ဦး ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.