![]() |
(ကျောက်ထုဒေသတွင် စစ်ကောင်စီယာဉ်များသွားလာနေစဉ်) |
(သြဂုတ် ၁၄ရက်)မှစ၍ ကျောက်ထု - ပခုက္ကူလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်လာနိုင်သောကြောင့် အဆိုပါ လမ်းပိုင်းအသုံးပြုခြင်းအား ခေတ္တရပ်နားပေးထားကြပါရန် ကျောက်ထု PDF က ယနေ့ညတွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။
ကျောက်ထု - ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။
မဖြစ်မနေဖြတ်သန်းမည့်သူများအနေဖြင့် လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်း ၀၉၄၀၂၂၇၁၀၅၇နှင့်
၀၉၇၆၇၁၄၁၆၆၀ သို့ ဆက်သွယ်မေးမြန်းရန် PDF က မေတ္တာရပ်ခံထားသည်။
ထို့အပြင် လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေးသွားမည်ဟု အသိပေးထားသည်။
People's Spring
ကျောက်ထု - ပခုက္ကူ လမ်းပိုင်းအသုံးပြုခြင်း ခေတ္တရပ်နားပေးထားကြပါရန် ကျောက်ထု PDF ထုတ်ပြန်
Reviewed by THITHTOOLWIN
on
23:07
Rating:

No comments:
Post a Comment