ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် ယမန်နေ့ ဩဂုတ် ၁၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၆) စီးဖြင့် အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒေသခံ PDF (၇) ဦးကျဆုံးခဲ့ရကြောင်း သိရပါတယ်။
ထို့အပြင် M-22 ၊ ၆၀ မမစိန်ပြောင်း၊ လက်ပစ်ဗုံးအစရှိသည့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပြန်ကြားရေးသတင်းချန်နယ်များမှာ ဖော်ပြထားပါတယ်။
အဆိုပါကျဆုံးသွားသည့် PDF (၇) ဦးမှာ မည်သည့်အဖွဲ့ကဆိုတာ မသိရသေးသောကြောင့် ပစ်ခတ်မှုဖြစ်စဉ်နှင့် ကျဆုံးသွားသည့် ရဲဘော် (၇) ဦးအား အတည်ပြုနိုင်ရန် PDF Newsflash အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပါတယ်။
PDFNewsflash
ယင်းမာပင် ရင်ပေါင်တိုင်တိုက်ပွဲတွင် PDF (၇) ဦးကျဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းခံရ
Reviewed by THITHTOOLWIN
on
19:55
Rating:

No comments:
Post a Comment