မိုင်းကွင်းအတွင်းဝင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုအား PDF ကမိုင်းဆွဲတိုက်ခိုက်၊ စကစတပ်သား (၁၀) ဦးခန့်သေဆုံး
ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာတွင် ညအိပ်ဝပ်သောအင်အား (၁၂၀) ခန့်ရှိ စကစတပ်များအား ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ကွမ်းအုံရွာအနီး၌ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း (၂၄) FRFတပ်ဖွဲ့၊ DRPA၊ ရွှေဘိုခရိုင်တပ်ရင်း၉၊ ရွှေဘိုခရိုင်တပ်ရင်း၁၁နှင့် အခြားမဟာမိတ်ပူးပေါင်းအဖွဲ့များမှ မိုင်းကွင်းဖြင့် အသင့်စောင့်ကြိုကာ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မိုင်းကွင်းအတွင်း ဝင်လာသော စကစတပ်သား (၇) ဦးလွင့်စင်သွားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတွင် စကစတပ်သား (၃) ဦးသေဆုံးသဖြင့် စုစုပေါင်း စကစတပ်သား (၁၀) ဦးအနည်းဆုံးသေဆုံးကြောင်း ဗိုလ်မုတ်ဆိတ်အဖွဲ့ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့များမှရဲဘော်များ မစိုးရိမ်ရသော ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါသည်။
PDF Newsflash
မိုင်းကွင်းအတွင်းဝင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုအား PDF ကမိုင်းဆွဲတိုက်ခိုက်၊ စကစတပ်သား (၁၀) ဦးခန့်သေဆုံး
Reviewed by THITHTOOLWIN
on
19:53
Rating:

No comments:
Post a Comment