ပုလဲ - ယင်းမာပင် နယ်စပ်မှာ စစ်အုပ်စုနှင့် ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်တွေ တိုက်ပွဲဖြစ်၊

ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်စီးနင်းကာ ထင်တိုင်းကျဲ သောင်းကျန်း သ-တ်-ဖြတ် မီးရှို့နေစဉ်/Photo – CJ

နှစ်ရက်တာ တိုက်ပွဲမှာ စကစ (၂၂)ယောက် သေပြီး ပြည့်သူ့ရဲဘော် ငါးဦး ကျဆုံး၊

သြဂုတ် - ၁၅

စစ်ကိုင်းတိုင်း ပုလဲမြိုနယ်နှင့် ယင်းမာပင်နယ်စပ် ကျေးရွာတွေထဲ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းကာ လုယက် သ-တ်-ဖြတ် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ယမန်နေ့ နှစ်ရက်တာ တိုက်ပွဲမှာ စကစ အနည်းဆုံး (၂၂) ယောက်ကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့တယ်လို မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၁)ရက်က စတင်ပြီး ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာ အပါအဝင် ယင်းမာပင် - ပုလဲနယ်စပ်က ရွာတွေကို ရဟတ်ယာသ်တွေနဲ့ ပစ်ခတ်စီးနင်းကာ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သ-တ်-ဖြတ် သောင်းကျန်း နေတဲ့ စစ်အုပ်စုကို MRDA နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သြဂုတ် (၁၃)ရက် နေ့လယ်(၂)နာရီကျော်က ပုလဲနယ် ရွာသစ်ကျေးရွာဘက် ဝင်မွှေသောင်းကျန်းတဲ့ စစ်အုပ်စုကို MRDA တပ်ဖွဲဝင် ရဲဘော်တွေက ကင်းပုန်းဝပ် ဖြတ်တောက်တိုက် ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ MRDA ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သြဝုတ်(၁၄)ရက် မနေ့က နေ့လယ်(၁)နာရီကျော်မှာလည်း  ပုလယ်နယ် ပုထိုးသာနဲ့ ရွာသစ်ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းကာ မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ကမ္ဘားရပ် ကျေးရွာအရှေ့ဘက်နားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး ငါးယောက် သုတ်သင်နိုင်ခဲ့တယ်လို MRDA က ဖော်ပြပါတယ်။ 

အဲ့ဒီ တိုက်ပွဲမှာ အင်အားမမျှတဲ့အတွက် MRDA ရဲဘော်တွေ ပြန်ဆုတ်ခွာခဲ့ပြီး အခြား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို ပုလဲနယ် ကမ္ဘားရပ်နဲ့ ထိန္နဲကြားမှာ တိုက်ခိုက်ခဲ့ရာ ညနေ(၃)နာရီခွဲကနေ (၆)နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စကစ (၁၄)ယောက် သေတယ်လို့ ဆိုပါတယ်။

အထက်ပါ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ အကြမ်းဖက်သမား (၂၂)ယောက် သေပြီး တော်လှန်ရေး တပ်ဖွဲတွေဘက်က ပြည်သူ့ရဲဘော် ငါးဦး ကျဆုံးခဲ့တယ်လို့ MRDA က အသိပေးထားပါတယ်။

“မြန်မာ့တော်ဝင်နဂါး တပ်တော်၏ အရှေ့ဘက် စစ်ကြောင်းမှ ရဲဘော်တစ်ဦး၊ အခြားဘက် စစ်ကြောင်းမှ ရဲဘော် လေးဦး အနာဂတ်တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါသည်” လို့ MRDA က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို  မြန်မာ့တော်ဝင်နဂါး တပ်တော် - MRDA နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ Royal Eagle တော်လှန်ရေးတပ်၊ ပုလဲ Joker အဖွဲ၊ အခြားသော ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုတွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သြဂုတ် (၁၃)ရက်နဲ့ (၁၄)ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေရဲ့ အလောင်းတွေကို ပုလဲမြို့နယ် ကမ္ဘားရပ်နဲ့ ရွာနောင်ကျေးရွာက ပြည်သူ့အိုးအိမ်တွေထဲ ထည့်ပြီး မီးရှိဖျက်ဆီးသွားတယ်လို MRDA က ဖော်ပြပါတယ်။

MRDA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုဟာ သြဂုတ် (၁၁)ရက်ထဲက ရင်ပေါင်တိုင်၊ ပုထိုးသာ၊ ရွာသစ် စတဲ့ ကျေးရွာတွေထဲ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက် စီးနင်းကာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကို စိတ်တိုင်းကျ မွှေနှောက်၊ ဖျက်ဆီး၊ မီးရှိသ-တ်-ဖြတ်ခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ MRDA က ထုတ်ပြန်ထားပါတယ်။


Mandalay Free Press - MFP

ပုလဲ - ယင်းမာပင် နယ်စပ်မှာ စစ်အုပ်စုနှင့် ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်တွေ တိုက်ပွဲဖြစ်၊ ပုလဲ - ယင်းမာပင် နယ်စပ်မှာ စစ်အုပ်စုနှင့် ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA တပ်တွေ တိုက်ပွဲဖြစ်၊ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.