KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က (၁၂)ဦး သေ


ဩဂုတ် ၁၂ ရက်၊ မုန်း

ကရင်အမျိုးသား အစည်းအရုံး/ကရင်တပ်မတော် (KNU/KNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က (၁၂)ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်က KNU ရဲ့ စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနဲ့ ကရင်မြက်ရဲရွာကြား KNLA တပ်ရင်း(၈)နဲ့ စစ်တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၉ ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့လယ်မှာ KNU က ထုတ်ပြန်လာပါတယ်။

ဩဂုတ် ၆ ရက် ညနေ ၅ နာရီခန့်ကလည်း KNLA ရဲ့ တပ်ရင်း(၈)နဲ့ စစ်ကောင်စီတပ်တို့အကြား ကြိုးပင်ဆိပ် စစ်တပ်စခန်းမှာ ထိတွေ့ပတ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှတစ်ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၅ ရက် ညနေ ၄ နာရီကျော်မှာ မုန်းမြို့နယ် ငှက်ပျောတောကျေးရွာ အနီးတစ်ဝိုက် KNLA ရဲ့ တပ်ရင်း(၈)နဲ့ စစ်တပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Shwe Phee Myay News Agency 

KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က (၁၂)ဦး သေ KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ဖြစ်၊ စစ်တပ်ဘက်က (၁၂)ဦး သေ Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.