ဒီမော့ဆိုအနောက်ဘက် အိုးခူးရီကျေးရွာရှိ စစ်ကောင်စီတပ်ကို KNDF B05 စနိုက်ပါဖြင့် သွားပစ်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး

ပုံစာ - ဇူလိုင်လအတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသည့် တပ်ရင်း ၅ ရဲဘော်များ။

သြဂုတ် ၁၆၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း အိုးခူးရီ(ခ) ခေါက်ပလော့ရှိ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅  စနိုက်ပါဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေးဆူလဲရွာရှိ စစ်ကောင်စီတပ်ကိုလည်း ယမန်နေ့ညနေပိုင်းက လက်နက်ကြီး(၅၀ မမ) ဖြင့် ၃ ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

စစ်ကောင်စီတပ်ဘက်မှ ၇၉ ဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း KNDF ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

ဒီမော့ဆိုအနောက်ဘက် အိုးခူးရီကျေးရွာရှိ စစ်ကောင်စီတပ်ကို KNDF B05 စနိုက်ပါဖြင့် သွားပစ်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး ဒီမော့ဆိုအနောက်ဘက် အိုးခူးရီကျေးရွာရှိ စစ်ကောင်စီတပ်ကို KNDF B05 စနိုက်ပါဖြင့် သွားပစ်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.