စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး


August 13, 2022

ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာတွင် ချီဖွေ ဘက် မှ ဆင်းလာသော မြင်း ၉ ကောင် သယ်ဆောင်လာသည့် ၁၂ ဘီကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ၁၂ ဘီးကားကို မန်ဒေါင်ကျေးရွာအဝင်တွင် KIA အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် မန်ဒေါင်ဒေသခံတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

"KIA က အဲ့ ၁၂ ဘီးကားကို ရပ်ဖို့တားမြစ်တယ်။ ဒါပေမယ့် အဲ့ကားက မရပ်ဘူး။ ပြေးမောင်းသွားတယ်။ အဲ့ကြောင့် သေနတ်နဲ့ ၄ ကြိမ်လောက် လှမ်းပစ်တယ်။ ကားမှာပါလာတဲ့ မြင်းက ၉ ကောင် ဟုတ်တယ်။ ၉ကောင်ထဲမှာ ၄ကောင်က KIA ဖမ်းယူသွားတယ်။ ၄ ကောင် က သေသွားတယ်။ တစ်ကောင်က လွတ်သွားတယ်" ဟု မျက်မြင်သက်သေ က ဆိုသည်။

မြင်း ၉ ကောင်အနက် အသက်ရှင်သော ၄ ကောင်ကို KIA အဖွဲ့က ချီဖွေဘက်သို့ ဆွဲခေါ်သွားသည်ဟု သူက ဆက်ဆိုသည်။

ထို့နောက် ၁၂ ဘီးကားကို ယနေ့နံနက်ပိုင်းမှ KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။

အဆိုပါ မြင်းကောင်များမှာ စစ်ကောင်စီတပ်ပိုင် ဖြစ်သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ အဖွဲ့က လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“နေရာက တပ်ရင်း ၃ နေရာ၊ လာပစ်တာက တပ်ရင်း ၄ အဖွဲ့တွေ လာပစ်တာထင်တယ်။ စစ်ကောင်စီရဲ့ မြင်း ဖြစ်လို့ ပစ်တာတဲ့” ဟု ပြောဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် ယခုလဆန်းပိုင်း စစ်ကောင်စီ နှင့် ပြည်သူ့စစ် စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်ဖျက်ဆီးမှုများ ရှိခဲ့သည်။


Kachin News Group 

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.