ဖရူဆ်ုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား KA၊ KNDF ပူးပေါင်းခုခံတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး


သြဂုတ်လ ၁၅ ရက်

သြဂုတ်လ ၁၁ ရက်နေ့ မနက် ၈နာရီ အချိန်၌ စစ်ကောင်စီတပ် အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီတပ် အင်အား(၃၀) ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အချိန်တွင် KNDF B-15 နှင့် KA တပ်မှ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း KNDF B15 က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် သြဂုတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲအချိန်တွင်လည်း ဖရူဆိုမြို့ အခြေစိုက် ခမရ ၅၃၁ တပ်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဖရူဆိုမြို့နယ် အရှေ့ဘက် ခြမ်းသို့ စစ်ကြောင်း ထိုးလာသည်ကို KA/KNDFB-15 တို့မှ ပြန်လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၃ ဦး သေဆုံးပြီး ခဲယမ်းတချို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သော်လည်း KA၊KNDF B15 တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNDF B15 ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - KNDF B15


Ayeyarwaddy Times 

ဖရူဆ်ုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား KA၊ KNDF ပူးပေါင်းခုခံတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး ဖရူဆ်ုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား KA၊ KNDF ပူးပေါင်းခုခံတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.