ဂန့်ဂေါ မြစ်သာဆည်ဘောင်မှာ စစ်အုပ်စုက မိုင်းထောင်၊ ဆည်ဘောင်ပေါ် မသွားကြဖို့ CDF-KKG က သတိပေး၊


သြဂုတ် - ၁၂

မကွေးတိုင်း ယောနယ်၊ ဂန့်ဂေါမြို့နယ်ထဲက မြစ်သာဆည်ဘောင်ပေါ်မှာ အကြမ်းဖက် စစ်အုပ်စုက ထောင်ထားတယ်လို့ ယူဆရတဲ့ မိုင်းတွေ တွေ့ရှိရတာကြောင့် အများပြည်သူ အနေနဲ့ ဆည်ဘောင်ပေါ် မသွားကြဖို့ C D F - K K G Battalion-5 Gangaw Region - တပ်ရင်းး(၅)က သတင်း ထုတ်ပြန်ပါတယ်။

မြစ်သာဆည်ဘောင်ပေါ်က အက်ကွဲကြောင်းတွေထဲမှာ စစ်အုပ်စုက ထောင်ထားတယ်လို့ ယူဆရတဲ့ သုံးလုံးတွဲ မိုင်းတွေ အများအပြား တွေ့ရတယ်လို့ ဂန့်ဂေါဒေသ CDF – KKG က ဆိုပါတယ်။

“မြစ်သာဆည်ဘောင် အက်ကွဲကြောင်းများ ထဲတွင် သုံးလုံးတွဲ တစ်တောင်ခန့်ရှိ မိုင်းများ တောက်လျှောက်ထောင်ထားသည်။ စစ်ကောင်စီမှ ထောင်ထားသည်ဟု ယူဆရသည်။ ဆက်သွယ်ချက်အရ အနီးအနား တော်လှန်ရေးအဖွဲ့များမှ ထိုသို့ မိုင်းထောင်ထားခြင်း မရှိပါ။ မိဘပြည်သူများအနေဖြင့် ဆည်ဘောင်ပေါ်သို့ လုံးဝမသွားရန် အသိပေးအပ်ပါတယ်ခင်ဗျ” လို့ ဂန့်ဂေါဒေသ C D F - K K G Battalion-5 Gangaw Region - တပ်ရင်းး(၅)က ဖော်ပြပါတယ်။

ဂန့်ဂေါဒေသမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လက်နက်အားကိုးနှင့် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်တွေက ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ဂန့်ဂေါ မြစ်သာဆည်ဘောင်မှာ စစ်အုပ်စုက မိုင်းထောင်၊ ဆည်ဘောင်ပေါ် မသွားကြဖို့ CDF-KKG က သတိပေး၊ ဂန့်ဂေါ မြစ်သာဆည်ဘောင်မှာ စစ်အုပ်စုက မိုင်းထောင်၊ ဆည်ဘောင်ပေါ် မသွားကြဖို့ CDF-KKG က သတိပေး၊ Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.