ဗန်းမောက်မြို့တွင်းမှာ ပစ်ခတ်မှုဖြစ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


၁၂ ၊ သြဂုတ် ၊၂၀၂၂

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခံရမှု ဩဂုတ် ၁၂ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူးပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

 ဗန်းမောက်မြို့ ထွေအုပ်ရုံးအတွင်းသို့ အမည်မသိသေနတ်သမားများက ဩဂုတ် ၁၂ ရက် နံနက် ၉ နာရီအချိန်ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး   မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်ဆိုသူ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။ 

 အဆိုပါဖြစ်စဉ်တွင် မြို့တွင်း၌ အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများထွက်ပြေးတိမ်ရှောင်နေရကြောင်း ဒေသခံများ၏ဖော်ပြချက်အရသိရသည်။


Chindwin Yoma Media

ဗန်းမောက်မြို့တွင်းမှာ ပစ်ခတ်မှုဖြစ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ ဗန်းမောက်မြို့တွင်းမှာ ပစ်ခတ်မှုဖြစ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.