စကစ သတင်းပေး နှင်းဆီပါတီ ရပ်ကျေးဥက္ကဌ ပစ်သတ်ခံရ


ရေစကြို၊ ဩဂုတ် ၁၆

မကွေးတိုင်း ရေစကြိုမြို့နယ် ပေါက္ကူကျေးရွာနေ နှင်းဆီပါတီ ရပ်ကျေး ဥက္ကဌ ဖြစ်သူ ဦးဟန်တင့်သည် သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ 

“နှင်းဆီပါတီရပ်ကျေး ဥက္ကဌ စစ်တပ်သတင်းပေး  ဒလန်ပေါ့ဗျာ။ မနေ့က ထွေအုပ်ရုံးပြန်လာတဲ့အချိန် အသတ်ခံရတာ၊ ဒလန်မို့ အသတ်ခံရတယ်လို့ သိထားပါတယ်” ဟု  ဒေသခံတစ်ဦးက လူငယ့်ခေတ်သတင်းဌာနသို့ ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ် ၂ စီးဖြင့်  အမည်မသိ လူ ၅ ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကာ သေနတ်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခြင်း ဖြစ်သည် ။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျောထောက်နောက်ခံပါတီများ ဖြစ်ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များ၊ နှင်းဆီပါတီဝင်များနှင့် အမျိုးဘာသာစောင့်ရှောက်ရေးအမည်ခံ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများက စစ်တပ်ကို သတင်းပေးခြင်းများ ပြုလုပ်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက  သုတ်သင်ခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက  ကျိုက်လတ်ရှိ နှင်းဆီပါတီကိုယ်စားလှယ်ဟောင်း ဦးလှသောင်း ကိုလည်း ဒေသကာကွယ်ရေးတပ် ဖွဲ့များကို သုတ်သင့်ရှင်းလင်းခဲ့သည်။

နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်း တင်သွင်းပြီးနောက် ဥက္ကဌ ဦးကျော်မြင့်သည့် ထောင်ပြေးမှုအပါအဝင် ငွေကြေး မသမာမှုများကြောင့် ပါတီဖျက်သိမ်းခံခဲ့ရသည်။


Lu Nge Khit

စကစ သတင်းပေး နှင်းဆီပါတီ ရပ်ကျေးဥက္ကဌ ပစ်သတ်ခံရ စကစ သတင်းပေး နှင်းဆီပါတီ ရပ်ကျေးဥက္ကဌ  ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.