သြဂုတ် ၁၄ ၊ ၂၀၂၂ ။
စစ်ကောင်စီတပ်စစ်ကြောင်းကျေးရွာအတွင်းဝင်ရောက်စစ်ကြောင်းထိုးစဥ် ပိတ်မိနေသည့်သက်ကြီးရွယ်အိုးများကို သွားရောက်ကယ်ထုတ် သည့် ပြည်သူ ၄ ဦး သတ်ဖြတ်ခံလိုက်ရသည် ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့တာဝန်ရှိသူကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ဘက်မှ ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ၊ ဖုတ္ထန်းတောကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ပြည်သူ၅ ဦးအားဖမ်းစီး၍ ၄ ဦးသတ်ဖြတ်ခဲ့သည်ဟု ယမန်နေ့တွင် ဒီပဲယင်းညီနောင်များအဖွဲ့က ဖော်ပြထားသည်။
" ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို သွားကယ်ထုတ်မယ်ဆိုပြီး သွားတာပေါ့ဗျာ။ သွားရင်းနဲ့သူတို့စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ၅ ယောက်အဖမ်းခံရတယ် "ဟု ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ဒီပဲရင်းPDF တာဝန်ရှိသူကပြောသည်။
သတ်ဖြတ်ခံလိုက်ရသည့် ၄ဦးအနက် ၃ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး ဖမ်းဆီးခံထားရသည့်ကျန်တစ်ဦးမှားလည်း ကျဆုံး နိုင်သည့်အခြေအနေရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် လက်လှုပ်ကျေးရွာ၊ ဖုတ္ထတန်းတောကျေးရွာများကို သြဂုတ်လ ၁၃ရက်တွင် ကျေးရွာနေအိမ်များမွှေနောက်ဖျက်ဆီးခဲ့ပြီးနောက်လက်ရှိတွင် အရာတော်ဘက်စစ်ကြောင်းပြန်ထိုးသွားသည်ဟု သိရသည်။
သံလွင်ခက် - Than Lwin Khet News

No comments:
Post a Comment