ပေါက်မှာ ရွာမီးရှို့နေတဲ့ ဖက်ဆစ်တပ်ကို မိုင်းဆွဲ၊ တစ်ယောက် သေပြီး လေးယောက် ဒဏ်ရာရ၊ နေ့လည်ပိုင်းမှာ ဖက်ဆစ်တပ်နှင့် တိုက်ပွဲ ဆက်ဖြစ်နေ၊

ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို ဖက်ဆစ်တပ်က ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ

သြဂုတ် - ၁၈

မကွေးတိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှိနေတဲ့ ဖက်ဆစ်တပ်ကို ဒီမနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား တစ်ယောက် သေပြီး လေးယောက် ဒဏ်ရာရသွားတယ်လို မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၁၈)ရက် မနက်(၈)နာရီက ကျေးရွာတွေကို လုယက်သောင်းကျန်း မီးရှို့နေတဲ့ ဖက်ဆစ်တပ် အင်အား(၃၀၀)ခန့်ကို ပေါက်မြို့နယ် ချိုင်ဇောက်နှင့် ဝန်တင်ရွာကြားမှာ မြိုင် ပကဖ ဦးဆောင်ပြီး ပေါက်ဒေသ ကျေးရွာကာကွယ်ရေး တပ်ဖွဲတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပေါက်နယ် ချိုင်ဇောက်ရွာဘက် ဝင်မွှေသောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ဟာ မြိုင်တောင်ပိုင်းကို ဝင်မွှေခဲ့တဲ့ အုပ်စုနှင့် ပေါက်အရှေ့ပိုင်းကို ဝင်မွှေခဲ့တဲ့ အုပ်စုတွေ နှစ်ဖွဲ့ပေါင်းထားတာ ဖြစ်တယ်လို့ မြိုင် ပကဖ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

"ပေါက်နယ်ထဲ လိုက်တိုက်နေတာ။ စခတွေက စစ်ကြောင်း နှစ်ကြောင်း ပေါင်းထိုးလာတာ။ စခ အင်အား (၂၇၀) လောက် ပါတယ်။ ချိုင်စောက် အထက်စုရွာ၊ အောက်စုရွာ  အကုန်ရှိ့၊ နှစ်ရွာလုံး အကုန်ပြောင်" လို့ မြိုင် ပကဖ ရဲဘော်က MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်တွေ မီးရှိဖျက်ဆီးသွားတဲ့ ချိုင်ဇောက် အထက်ရွာနှင့် အောက်ရွာနှစ်ရွာပေါင်း အိမ်ခြေ (၃၀၀)ဝန်းကျင် ရှိပြီး ဖက်ဆစ်တပ်က မနေ့က မနက်ပိုင်းကနေ ညနေပိုင်းအထိ တစ်နေကုန် ဝင်မွှေ လုယက် ခိုးယူ သောင်းကျန်းကာ တစ်အိမ်တက်ဆင်း မီးရှို့လို့ ကျေးရွာနှစ်ရွာလုံး ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါ ရဲဘော်က ရှင်းပြပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာတော့ ဝန်တင်ရွာရဲ့ အနောက်ဘက် နှစ်မိုင်ခန့်အကွာက ဓာတ်တော်ရွာနားမှာ ဖက်ဆစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်နေတယ်လို မြိုင် ပကဖ က ဆိုပါတယ်။

မြိုင် ပကဖ ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်တွေက ဖက်ဆစ်တပ်ကို လမ်းကနေ ဖြတ်တိုက်ခဲ့တာ ဖြစ်ပြီး အခု ညနေ(၄)နာရီအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကာ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း ဖက်ဆစ်တပ်ဟာ ပေါက်မြို့နယ် အပါအဝင် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် မီးရှို့ သောင်းကျန်းနေပြီး ဒေသခံ ပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ပေါက်မှာ ရွာမီးရှို့နေတဲ့ ဖက်ဆစ်တပ်ကို မိုင်းဆွဲ၊ တစ်ယောက် သေပြီး လေးယောက် ဒဏ်ရာရ၊ နေ့လည်ပိုင်းမှာ ဖက်ဆစ်တပ်နှင့် တိုက်ပွဲ ဆက်ဖြစ်နေ၊ ပေါက်မှာ ရွာမီးရှို့နေတဲ့ ဖက်ဆစ်တပ်ကို မိုင်းဆွဲ၊ တစ်ယောက် သေပြီး လေးယောက် ဒဏ်ရာရ၊  နေ့လည်ပိုင်းမှာ ဖက်ဆစ်တပ်နှင့် တိုက်ပွဲ ဆက်ဖြစ်နေ၊ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.