မြိုင်မှာ အလောင်းလာသယ်သော စစ်ကောင်စီဖောကား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ


မြိုင် ၊ ဩဂုတ် ၁၇ ၊ ၂၀၂၂ ။

မြိုင်မြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရသော တပ်သားအလောင်းများလာသယ်သော စစ်ကောင်စီဖောကား ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ဝေလီဝေလင်း အချိန်ခန့်က စစ်ကောင်စီတပ်သားအလောင်းလာကောက်တဲ့ ဖောကားကို ထပ်မံမိုင်းဆွဲတိုက်ခိုက် ခဲ့တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက မြေလတ်အသံကိုပြောသည်။

"မနက်ကအလောင်းလာကောက်တာ ၈ လောင်းလာကောက်တယ်၊ ၂ ယောက်ကအပြင်းအထန် ဒဏ်ရာရပြီးမှလဲနေတာ၊ ဖောကားနဲ့မနက်ဝေလီဝေလင်းမှာလာသယ်တယ်၊ အဲဒီဖောကားပါကျနော်တို့မိုင်းထပ်ဆွဲလိုက်တယ်၊ ကျနော်တို့လက်နက်ခဲယမ်းတွေတွေ့တာ‌ ဒီနေ့နေ့လည်ရှင်းလင်းရေးလုပ်တဲ့ အချိန်မှာတွေ့တာ၊ အလောင်းလာသယ်တဲ့ကားကို မိုင်းဆွဲတာမှာဖောကားနောက်ထိပြီးတော့ ဒဏ်ရာရတာတော့မရှိပါဘူး၊ မိုင်းဆွဲခံရပြီးကားကတော့ ကောင်းကောင်းတော့မောင်းမရဘူး၊ ဖြေးဖြေးခြင်းလိမ့်မောင်းသွားတယ်၊ကံမဘက်ကိုမောင်းသွားတာ" ဟု ဗိုလ်လက်ယာကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က တဲကြီးရွာနှင့် နယ်သတ်ရွာအကြား စစ်အုပ်စုမိုင်းဆွဲတိုက်ခိုက်ခံရပြီး  ကျည် 7.62 ကျည်နှင့် 5.56 ကျည် ၂ မျိုးပေါင်း ၃၇၂ တောင့် ကျည်ဘောက် ၃ ဘောက် စက်လက်ဘောက် ၂ ဘောက် ၆၀ မမ ၁ ဖူး တပ်မ ၁၀၁ စစ်ဝတ်စုံ ၁ စုံ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။


မြေလတ်အသံ - Myaelatt Athan 

မြိုင်မှာ အလောင်းလာသယ်သော စစ်ကောင်စီဖောကား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ မြိုင်မှာ အလောင်းလာသယ်သော စစ်ကောင်စီဖောကား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 03:48 Rating: 5

No comments:

Powered by Blogger.