![]() |
ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်) Photo - EPA |
မုံရွာ - ဩဂုတ် ၁၅၊ ၂၀၂၂။
စစ်ကိုင်းတိုင်း မုံရွာ - မန္တလေးကားလမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ယနေ့ နံနက် ၂ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မအူဂိတ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာဖြစ်ပွားခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော်တို့က သူတို့ကို အရှေ့အနောက်ညပ်ပြီးတော့ တိုက်ခဲ့တာ။ အဲ့မှာထွက်လာတဲ့ သုံးယောက်ကိုပစ်လိုက်တာ အဲ့မှာဆိုရင် တခါတည်းလဲကျသွားတာ။ သူတို့ဘက်က လက်နက်ပြန်ပစ်တာတွေတော့ရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ မထိခိုက်ခဲ့ပါဘူး” ဟုပြောသည်။
သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်ကိုမူ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ မအူဂိတ်သည် လမ်းသွားလမ်းလာများကို စစ်ဆေးမှုတင်းကြပ်သကဲ့သို့ ပြည်သူများကို ဥပဒေမဲ့ငွေကြေးကောက်ခံနေသော စစ်ကောင်စီဂိတ်တစ်ခုဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်းများပူးပေါင်းပြီး လွန်ခဲ့သော ဩဂုတ်လ ၁၂ ရက်တွင်လည်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ လက်လုပ် ၁၂၀ မမ လေးလုံးနှင့် ၆၀ မမ ၁၄ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။
The 74 Media

No comments:
Post a Comment