တန့်ဆည်မှာ စစ်အုပ်စုကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်၊ စကစ ငါးယောက်သေ၊

တန့်ဆည်နယ်ထဲ သောင်းကျန်းနေတဲ့ ဖက်ဆစ်စစ်အုပ်စုကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ တန့်ဆည်ဒေသ ကာကွယ်ရေး ရဲဘော်တချို့/Photo - MDF - TAZE Tiger

 သြဂုတ် - ၁၇

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်စစ်အုပ်စုကို ဒီနေ့ မနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစ ငါးယောက် ထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၇)ရက် မနက်(၁၀)နာရီကျော်က တန့်ဆည်မြို့နယ် ကံပေါက်ရွာနှင့်  သဲကုန်းကျောင်း အနီးမှာ ဖက်ဆစ်စစ်အုပ်စုကို PDF ပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ တန့်ဆည် MDF - TAZE Tiger က ဆိုပါတယ်။

“PDF တပ်ရင်းများမှ စကစ စစ်ကြောင်းကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်” လို့ MDF - TAZE Tiger က ဖော်ပြပါတယ်။ 

MDF - TAZE Tiger တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းတွေဖြစ်တဲ့ တန့်ဆည် တပ်ရင်း (၆)၊ SAF မန္တလေးတပ်ရင်း နှင့် တန့်ဆည် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တန့်ဆည် သို့ စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ပါ မိထ္ထီလာ တပ်မ (၉၉)မှ ခမရ (၁၁၃)နှင့် ပြည့်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။ ထိတွေ့မှုဖြစ်စဉ်အတွင်း စခများဖက်မှ အနည်းဆုံး ခွေးငါးကောင် သေဆုံးပြီး ပြည်သူ့ရဲဘော်များဖက်မှ လက်နက်ကြီးထိ ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်” လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာလည်း တန့်ဆည်၊ လမ်းဆုံမြို့ အနောက်ဖက်မှာ ဖက်ဆစ်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး “စခ ငါးကောင် စနိုက်ဘာထိ သေဆုံးပြီး ဒါဏ်ရာရသူများရှိ” လို့ တန်ပဆည် ပကဖ က ဖော်ပြပါတယ်။

တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခံရကာ အထိနာ အသေများခဲ့တဲ့ ဖက်ဆစ်စစ်အုပ်စုက ကံပေါက်ကျေးရွာ၊ ကိုးတောင်ပို့ရွာ နှင့် ဗျက်ကြီးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ်တွေနှင့် ဆိုင်ကယ်တွေကို မီးရှို့ဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တန့်ဆည်မြို့နယ်ထဲ ဖက်ဆစ်စစ်အုပ်စု ရွာစဉ်ပတ်မွှေ သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ သတိထားကြဖို့နှင့် စစ်ပြေးပြည်သူ အချင်းချင်း ဖေးမကူညီပေးကြဖို့ ဒေသခံတွေက အချင်းချင်း တိုက်တွန်းနေပါတယ်။


Mandalay Free Press - MFP

တန့်ဆည်မှာ စစ်အုပ်စုကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်၊ စကစ ငါးယောက်သေ၊ တန့်ဆည်မှာ စစ်အုပ်စုကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်၊ စကစ ငါးယောက်သေ၊ Reviewed by THITHTOOLWIN on 03:58 Rating: 5

No comments:

Powered by Blogger.