ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား


AUG 17.2022

စစ်တိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်းဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျောက်ထုံးကြီး ကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော် ဖမ်းခံထားသည်ဟု ဒေသခံများ ထံမှသိရသည်။

ဩဂုတ်လ ၁၂နေ့မှစတင်ပြီး ကသာနယ်အထက်ပိုင်း ကျောက်ထုံးကြီးတိုက်နယ်ဘက်သို့ စစ်အင်အား ၄၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ရက်နေ့တွင် ကျောက်ထုံးကျေးရွာမှ အရပ်သားပြည်သူ ၅၀ ကျော်ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ 

"ရွာသား ၅၀ကျော် ဟိုတနေ့က ဖမ်းခံရတာ။ အားလုံးက ကျောက်ထုံးကြီးရွာကလူတွေပဲ မနေ့ကနည်းနည်းပြန်လွတ်ပေးတယ်လို့သိရတယ် ဘယ်နဦးလွတ်လာလေးတော့မသိရဘူး မများပိုင်းဖမ်းခံထားရဆဲပဲ သူတို့ကိုရွာထဲမှာပဲဖမ်းထားပြီးတော့မေးမြန်းစစ်ဆေးတာတွေလုပ်နေတယ်တဲ့"ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ သြဂုတ် ၁၄ ရက်နေ့တွင် ကျောက်ထုံးကြီး တိုက်နယ်သို့ဝင်ရောက်နေသည့် စစ်ကြောင်းက ကြည်နူးကျေးရွာ မှ အသက် ၄၀ ဝန်းကျင်ရှိ အရပ်သားတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေ ကသာ PDF အဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောဆိုချက်မှသိရသည်။


Kachin News Group 

ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား ကသာနယ်တွင် အရပ်သားပြည်သူ ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ စစ်အင်အား ၄၀၀ ကျော် စစ်အင်အားတိုးချဲ့ထား Reviewed by THITHTOOLWIN on 03:46 Rating: 5

No comments:

Powered by Blogger.