စစ်ရှောင်တွေကို လှူမယ့် ကျပ်သိန်းတရာကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို စစ်ကောင်စီကမီးရှို့


ယင်းမာပင်၊ သြဂုတ် ၁၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ဒေသ လူထုအကျိုးပြု ကူညီထောက်ပံ့ပေးနေတဲ့ Western Chindwin Assocation ရုံးအဖွဲ့ရဲ့အဆောက်အဦးကို သြဂုတ်လ ၁၄ ရက်ညနေက စစ်ကောင်စီက မီးရိူ့ဖျက်စီးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူ က ပြောပါတယ်။

ဒါ့ကြောင့် စစ်ဘေးရှောင် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းသုံးပစ္စည်းတွေ၊ စစ်ရှောင်ပြည်သူတွေအတွက် အဝတ်အစားနဲ့ ဆေးဝါးတွေအပြင် ဆန်နဲ့ဆီတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"ဒီကောင်တွေ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မီးရိူ့သွားတာပါ၊ ကျနော်တို့ လုပ်ထားတဲ့ ရုံးခန်းအဆောက်အဦက ပြာပုံပဲကျန်တော့တာ၊ ဘာမှကို ပြန်မရတော့တာ၊ ပြည်သူလူထု လှူဒါန်းထားတဲ့ ပစ္စည်းတွေ ဆုံရှူံးခဲ့ရတာကို များစွာ စိတ်မကောင်းဖြစ်ရပါတယ်၊ ဒါပေမယ့် ကျနော်တို့အနေနဲ့ အညံ့မခံ အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်ရင်း ထောက်ပံ့ ကူညီမှုတွေကို မရပ်နားဘဲ လုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ကျနော်တို့ကို လှူဒါန်းကူညီမှုများ ဆက်လက် ပါဝင်ပေးကြပါလို့လည်း အကူညီတောင်းခံပါတယ်၊" လို့ Western Chindwin Assocation အဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

ရုံးခန်းအဆောက်အဦနဲ့အတူ ကျောင်းသုံးလွယ်အိတ် ၅၀၀၊ စာအုပ် ၂၅၀ ဒါဇင်နဲ့ စာရေးကိရိယာတွေ၊ Icon ၅ လုံး၊ ဆန် ၁၂ အိတ်၊ ဆီ ၄ ပုံး၊ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းမဲ့ အဝတ်အစား ၁၁ အိတ်၊ ဆေးပစ္စည်းမျိုးစုံ ၆ ဖာ၊ လပ်တော့ ၂ လုံး၊ ဆိုင်ကယ် ၇ စီးနဲ့ ဖုန်း ၁ လုံးတို့ ဆုံးရှုံးသွားပြီး၊ ကာလတန်ဖိုး ကျပ်သိန်း ၁၀၆ သိန်းနီးပါး ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လ ၁၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်ကလည်း ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ပစ်ခတ်သလို မြေပြင်ကလည်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး၊ ဒေသခံ ပြည်သူ ၄၀ ကျော်လည်း သတ်ဖြတ်ခံခဲ့ရသလို နေအိမ်တွေကိုပါ မီးရိူ့ခံခဲ့ရတာကြောင့် ကျေးရွာသားတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

စစ်ရှောင်တွေကို လှူမယ့် ကျပ်သိန်းတရာကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို စစ်ကောင်စီကမီးရှို့ စစ်ရှောင်တွေကို လှူမယ့် ကျပ်သိန်းတရာကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို စစ်ကောင်စီကမီးရှို့ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.