ရွှေပြည်သာ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

 


ရန်ကုန်၊ သြဂုတ် ၁၃

ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့် ဒေါ်ယဉ်ယဉ်အေး ဆိုသူသည် ယနေ့ ၁နာရီဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

“အဲဒီအမျိုးသမီးက ရပ်ကွက်ထဲမှာ အာကျယ်အာကျယ်နဲ့ ၊ အသက် ၅၀ ဝန်းကျင်လောက်ရှိပြီ။ စာရင်းတွေလည်း တိုးကောက်တယ်။ ဒလန်လုပ်၊ မလုပ်တော့ မသိသေးဘူး ခင်ဗျ၊ သေနတ်သံ ၃ ချက်လောက်တော့ ကြားလိုက်ရတယ် ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ၎င်း၏ အမျိုးသားနှင့်အတူ ရုံးမှ ပြန်လာစဥ် တပင်ရွှေထီး လမ်းမပေါ် ဇောတိက ပန်းခြံ၊ အ.မ.က ၁၉ ကျောင်းရှေ့အနီးဝန်းကျင် အမည်မသိလူအချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အမျိုးသားဖြစ်သူမှာ ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးကို လူနာတင်ယာဉ် ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ၈ ရပ်ကွက်အုပ်ချုပ်ရေးရုံး အနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ များရောက်ရှိလာပြီး လမ်းပိတ်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်နေသည်။


Lu Nge Khit

ရွှေပြည်သာ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ ရွှေပြည်သာ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.