စစ်ကောင်စီထောက်လှမ်းရေးတဦးဖမ်းမိပြီး ပြန်လည်ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းလင်းခဲ့ရ


မြိုင်၊ ဩဂုတ် ၂၀ ၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီမှစေလွှတ်သော စစ်ထောက်လှမ်းရေးတဦးအား မြိုင် PDF ကဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက မြေလတ်အသံကိုပြောသည်။

အဆိုပါထောက်လှမ်းနေသူအား ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ ဖမ်းဆီးရမိတာ ဖြစ်ကြောင်းသိရသည်။

"ကျနော်တို့ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်မှာဖမ်းမိတာပါ၊ သူ့ကိုဖမ်းမိပြီးစခန်းကိုခေါ်တယ်၊ စခန်းက ရဲဘော်တွေကိုပြန်ခုခံပြီးပြေးတာမလို့ ပစ်ရှင်းလိုက်ပါတယ်" ဟု ဗိုလ်လက်ယာကပြောသည်။

ဖမ်းဆီးရမိသူထံက စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီထောက်လှမ်းရေးတဦးဖမ်းမိပြီး ပြန်လည်ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းလင်းခဲ့ရ စစ်ကောင်စီထောက်လှမ်းရေးတဦးဖမ်းမိပြီး ပြန်လည်ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းလင်းခဲ့ရ Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.