ရင်ပေါင်တိုင်ရွာတွင် မီးရှို့လူသတ်ခဲ့သည့် အကြမ်းဖက်စစ်တပ် ကပိုင်ကျေးရွာကို မီးဆက်ရှို့နေ


ယင်းမာပင်၊ သြဂုတ် ၁၈

စစ်ကိုင်းတိုင်း၊  ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် ဒေသခံပြည်သူများကိုသတ်ပြီး နေအိမ်များမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီက ယနေ့ ညနေ ၆နာရီဝန်းကျင်တွင် ကပိုင်ကျေးရွာကို မီးဆက်ရှို့နေကြောင်း ဒေသခံများထံမှသိရသည်။ 

“ရင်ပေါင်တိုင်ရွာမှာ အကြမ်းဖက်ပြီး ပြည် သူတွေကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို ရောက်ရှိနေပြီး တိုက်ပွဲ ဖြစ်ပွါးနေပါတယ်။ အခု ရွာကနေအိမ်တွေကို မီးရှို့နေပါတယ် “ ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ယင်းမာပင်မြို့ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ် သတင်းဌာနကိုပြောသည်။

လက်ရှိအချိန်တွင် ဒေသကာကွယ်ရေးတပ် များနှင့် တိုက်ပွဲဖြစ်နေပြီး ယင်းမာပင်မြို့နယ်၊ကပိုင်ကျေးရွာနှင့် ကသီးကုန်းကျေးရွာရှိ အပြစ်မဲ့အရပ်သားပြည်သူပိုင်နေအိမ်များကို ယခုညနေ ၆နာရီအချိန်ခန့်က မီးတင်ရှို့နေကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာအတွင်း လေကြောင်း၊ ကုန်ကြောင်းဖြင့် အကြမ်းဖက်စစ်တပ်ကဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ 

ထို့အပြင် အကြမ်းဖက်စစ်တပ်က ရွာသားများကို လူသားဒိုင်းလုပ်ကာလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောက်ယမားပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

“တချို့​တွေပြန်လွတ်လာပြီး တချို့​တွေက​တော့အဆက်အသွယ်မရ​သေးပါဘူး။ တချို့​မြေပြင်သတင်း​တွေကို အတိအကျမသိရ​သေးပါဘူးဗျ”ဟု အဆိုပါအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က (ဩဂုတ် ၁၄ ရက်)ညပိုင်းက တပ်ဆုတ်သွားခဲ့ပြီးနောက် ရင်ပေါင်တိုင်ရွာတွင် ကလေးသူငယ်နှင့်အမျိုးသမီးများအပါအဝင်သေဆုံးနေသည့် ရုပ်အလောင်း ၅၀ကျော်တွေ့ရှိခဲ့ရကြောင်း ယင်းမာပင်မြို့၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံကသိရသည်။

လက်ရှိ ရင်ပေါင်တိုင်ကျေးရွာအပါအဝင် အနီးအနားရှိရွာပေါင်း (၁၂)ရွာမှ ပြည်သူ (၂၀၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။


Lu Nge Khit

ရင်ပေါင်တိုင်ရွာတွင် မီးရှို့လူသတ်ခဲ့သည့် အကြမ်းဖက်စစ်တပ် ကပိုင်ကျေးရွာကို မီးဆက်ရှို့နေ ရင်ပေါင်တိုင်ရွာတွင် မီးရှို့လူသတ်ခဲ့သည့် အကြမ်းဖက်စစ်တပ်  ကပိုင်ကျေးရွာကို မီးဆက်ရှို့နေ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.