ဩဂုတ် - ၁၂
မန္တလေးတိုင်း မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာမှာနေထိုင်တဲ့ စစ်အုပ်စုသတင်းပေးလို့ နာမည်ကြီးတဲ့ အမျိုးသမီးတစ်ဦးဟာ မနေ့ကညပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် (၄၀)ကျော်အရွယ်ရှိတဲ့ ဒေါ်တင်တင်အေးဟာ နေအိမ်ထဲမှာရှိနေချိန် ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေတစ်စီးနဲ့ အမျိုးသားငါးဦးရောက်လာပြီး သူ့ရဲ့ နေအိမ်ခြံဝင်းထဲမှာပဲ ဩဂုတ်လ (၁၁)ရက် ည (၁၀)နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို ဧရာဝတီညီအကိုများ တော်လှန်ရေးအင်အားစု (ABRF Madaya) က လုပ်ဆောင်တယ်လို့ အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
မတ္တရာနယ်က သတင်းပေးဆိုသူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး
Reviewed by THITHTOOLWIN
on
20:13
Rating:

No comments:
Post a Comment