![]() |
(ခမရ -၄၃၅ တပ်ရှေ့အား တွေ့ရစဥ် ၊ပုံအဟောင်းအသုံးပြုထားသည်) |
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၄၃၅) တပ်ရှေ့ရှိ လုံခြုံရေးဂိတ် ဘန်ကာအား ယနေ့ (သြဂုတ် ၁၇) ညပိုင်း၌ ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင်း Divine Ranger Force (DRF)က ထုတ်ပြန်သည်။
ယနေ့ည ၇နာရီ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာမြို့နယ်အစပ်ကြား သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့် (၄၃၅)တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား DRFအဖွဲ့နှင့် United Resistance Force (URF) တို့ ပူးပေါင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
" DRF နဲ့ URF တို့ ပူးပေါင်းကာ (၄၃၅) တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်သားတွေ ထိခိုက်မှု အခြေအနေအတိအကျမသိရသေးပေမယ့် ရဲဘော်များအနေနဲ့ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ် "ဟု DRF အဖွဲ့က ဆိုသည်။
ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
People's Spring

No comments:
Post a Comment