လှတောရွာသို့သွားသည့် စစ်ကောင်စီကားလေးစီးကို ပဒေသာမိုင်းအလုံး ၃၀ ဖြင့်တိုက်ခိုက်ရာစစ်သား ၁၀ ဦးထက်မနည်းသေ

ဝက်လက်၊ သြဂုတ် ၁၂ 

 စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ၀က်လက်မြို့နယ် လှတောရွာသို့သွားသည့် စစ်ကောင်စီကား ၄ စီးကို ပဒေသာမိုင်း အလုံး ၃၀ အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃ က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကားကြီး  ၃ စီးပေါ် တွင် တပ်ဖွဲ့၀င်အင်အားအပြည့် တင်ဆောင် လာပြီး ကားကြီး ၁ စီးပေါ်တွင် ရိက္ခာများတင် ဆောင်လာခြင်းဖြစ်သည်။ 

အဆိုပါ ကား ၄ စီးကိုတော်လှန်ရေးသမားများက ဩဂုတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကွေ့နှင့် သားနားကျေးရွာကြား၌ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ 

မိုင်းခွဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း (၂၃) ၊ တပ်ခွဲ(၁) နှင့် သိဒ္ဓိရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Shwe Bo defense Force (SBDF) ၊ Daung (ဒေါင်း) ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များသည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃ က ထုတ်ပြန်သည်။ မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်ကို သိရှိရန် အဆိုပါအဖွဲ့ထံသို့ ဆက် သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


Lu Nge Khit

လှတောရွာသို့သွားသည့် စစ်ကောင်စီကားလေးစီးကို ပဒေသာမိုင်းအလုံး ၃၀ ဖြင့်တိုက်ခိုက်ရာစစ်သား ၁၀ ဦးထက်မနည်းသေ လှတောရွာသို့သွားသည့် စစ်ကောင်စီကားလေးစီးကို ပဒေသာမိုင်းအလုံး ၃၀ ဖြင့်တိုက်ခိုက်ရာစစ်သား ၁၀ ဦးထက်မနည်းသေ Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.