![]() |
(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်) |
စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒဏ်ရာအပြင်းအထန်ရခဲ့သော ကိုရင်လေးတစ်ပါးကို ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရ သည်။
တမူးမြို့တွင် ယမန်နေ့(သြဂုတ်လ ၁၅ရက်) ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကိုရင်လေးတစ်ပါး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
"စစ်ကောင်စီက အလကားနေရင်း တပ်ထဲကနေ လက်နက်ကြီး သုံးချက်မြို့ပြင် ဖက်ကိုလှန်းထုတာ။တစ်လုံးက ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းထဲကျပြီး ကိုရင်လေးတစ်ပါး ထိသွားတယ်။ ပေါင်မှာ အရိုးအထိ ထိတာမို့ ကလေးမြို့မှာ ဆေးသွားကုရတယ်။ မသက်သာရင် မန္တလေးအထိ သွားရမယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
တမူးမြို့ စစ်တပ်ကုန်းမှ ပစ်သော လက်နက်ကြီးကျည်သည် အာရှလမ်းမကြီး ဘေး၊ (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရသော ကိုရင်လေးသည် အသက်(၁၀)နှစ်ခန့်သာရှိသေးသည်။ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့မှုအတွက် စစ်ကောင်စီက တာဝန်ယူခြင်းမရှိ ကြောင်း ဒေသခံများက ပြောသည်။
တမူးမြို့တွင် လတ်တလော၌ တပ်မ (၂၂)လက်အောက်ခံတပ်များ ရောက်ရှိ နေပြီး မြို့ထဲတွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။
People's Spring

No comments:
Post a Comment