တန့်ဆည်မှာ စစ်ကောင်စီစစ်ကြောင်း ‌၂ဖက်ညှပ် တိုက်ခိုက်ခံရပြီး ၁၇ဦးသေဆုံး


တန့်ဆည်၊ ဩဂုတ် ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက် တမိုင်အကွာက ဝါးရငယ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန်  နယ်မြေခံပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ MDF -တန့်ဆည်( Taze Tiger)တပ်ရင်းရဲ့ တပ်ရင်းမှူးဆီက သိရပါတယ်။

ဩဂုတ်လ ၁၉ရက် မနေ့က မနက် ၈နာရီဝန်းကျင်က မိတ္ထီလာအခြေစိုက် တပ်မ(၉၉) ခမရ(၁၁၃)တပ်ရင်းမှ အင်အား ၁‌၀၀ ကျော်ပါတဲ့စစ်ကြောင်းကို တန့်ဆည်တပ်ရင်းများ၊ LDFများ၊ ပကဖများ စတဲ့အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန်ကြာမြင့်ခဲ့တယ်လို့လည်း MDF -တန့်ဆည်( Taze Tiger)တပ်ရင်းရဲ့ တပ်ရင်းမှူး ဆရာကျားက မြေလတ်အသံကိုပြောပါတယ်။

" အကုန်လုံး ၁၇ဦးဗျ၊ တန့်ဆည်ဘောလုံးကွင်းထဲမှာ  ၄လောင်းကျပြီး ထမ်းစင်နဲ့တင်သွားတယ်လို့ကြားတယ်၊ အကြီးပိုင်းဒဏ်ရာရတာတွေကို လေယာဉ်နဲ့သယ်သွားတယ်၊ ကျတော်တို့ကြားတာတော့ သူတို့ စစ်ကြောင်းမှူးထိတယ်လို့လည်း ကြားတယ်ဗျ၊ ထမ်းစင်နဲ့ထုတ်သွားတာတွေလည်း တွေ့ရတယ် " လို့ သူကဆိုပါတယ်။

ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးကာ ၄၀ ဝန်းကျင်လောက် ထိခိုက်မှုရှိပြီး၊ ရာထူးကြီးပိုင်းထဲက ဒဏ်ရာရတဲ့သူတွေကို လေယာဉ်နဲ့ပြန်သယ်သွားကာ ကျန်တဲ့သူတွေကိုတော့ ဖောကားနဲ့သယ်ပြီး တန့်ဆည်မြို့ထဲမှာ ဆေးရုံတင်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ တရစပ်ပစ်ပေမယ့် နယ်မြေခံအဖွဲ့တွေက လက်ဦးမှုရယူလိုက်နိုင်တဲ့အတွက် အထိနာကာ တပ်ပျက်ပြီး တန့်ဆည်မြို့ထဲကို  ပြန်ဝင်သွားကာ ဆုတ်ခွာရာလမ်းမှာ စစ်သားအလောင်းတလောင်းကိုလည်း မီးရှို့ထားခဲ့တယ်လို့ သိပါတယ်။

" သူတို့စစ်ကြောင်းplanကို ကျတော်တို့ကဖျက်လိုက်နိုင်တယ်၊ ပစ်ကူမရတော့ဘဲ ကစဉ့်ကလျားဖြစ်ပြီး ရွာတွေကို မီးကိုပြန်မရှို့နိုင်တော့ဘူး၊ ဝါးရငယ်မှာ သူတို့လူအလောင်းတလောင်းကိုမီးရှိူ့ပြီး တန့်ဆည်မြို့ထဲပြန်ဆုတ်သွားကြတယ် " လို့ တပ်ရင်းမှူးက ပြောပါတယ်။

တန့်ဆည်မြို့မှာ ဩဂုတ်လအတွင်း တိုက်ပွဲ ၇ကြိမ်နဲ့အထပ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၅ဦးကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

တန့်ဆည်မှာ စစ်ကောင်စီစစ်ကြောင်း ‌၂ဖက်ညှပ် တိုက်ခိုက်ခံရပြီး ၁၇ဦးသေဆုံး တန့်ဆည်မှာ စစ်ကောင်စီစစ်ကြောင်း ‌၂ဖက်ညှပ် တိုက်ခိုက်ခံရပြီး ၁၇ဦးသေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.