ရွှေပြည်သာမြို့နယ်က ဓမ္မာရုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ရာအိမ်မှူးအပါအဝင် လေးဦးဒဏ်ရာရ


ရန်ကုန်၊သြဂုတ် ၁၂၊၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ဆွမ်းချက် ဓမ္မာရုံနဲ့ အမှတ် ၁၀ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတို့မှာ သြဂုတ် ၁၁ရက် ည ၇နာရီခန့်က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ရာအိမ်မှူးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေပြည်သာမြို့နယ်က ဒေသခံတွေကပြောပါတယ်။

"အမှတ် ၇ရပ်ကွက်မှာတော့ ပေါက်ကွဲမှုကြောင့် လူ ၃ဦးထိခိုက်ဒဏ်ရာရပြီး ၁၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက်တဲ့ ဖြစ်စဥ်မှာတော့ ရာအိမ်မှူးတစ်ဦးထိသွားတယ်"လို့ ရွှေပြည်သာမြို့နယ်နေဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်က ရပ်ကွက်ဆွမ်းချက်ဓမ္မာရုံအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်းအပါတွေစုဖွဲ့နေထိုင်နေစဥ် ည ၇နာရီ ၃မိနစ်ခန့်က ပေါက် ကွဲခဲ့တာဖြစ်တယ်လို့ ​ဒေသခံတွေကဆိုပါတယ်။

အမှတ် ၁၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာတော့ ည ၇နာရီ ၁၅မိနစ်အချိန်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာတော့လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့တဲ့ လူနှစ်ဦးကို လိုက်လံဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ အရေးပေါ်လူနာတင်ယာဥ်တွေရောက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုခေါ်ဆောင်သွားသလို စစ်ကောင်စီတပ်တွေကလည်း ပိတ်ဆို့ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၃၊တပ်စု ၁နဲ့YUGA(MD-7 Eagles)တို့ကနန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့လုပ်ဆောင်တာဖြစ်ပြီး လုပ်ဆောင်ခဲ့တဲ့ရဲဘော်တွေဟာ ဘေးကင်းတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေပြည်သာမြို့နယ်က ထုတ်ပြန်ထားပါတယ်။


Salween Press

ရွှေပြည်သာမြို့နယ်က ဓမ္မာရုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ရာအိမ်မှူးအပါအဝင် လေးဦးဒဏ်ရာရ ရွှေပြည်သာမြို့နယ်က ဓမ္မာရုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ရာအိမ်မှူးအပါအဝင် လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.