မြိုင် ၊ ဩဂုတ် ၁၆ ၊ ၂၀၂၂ ။
မကွေးတိုင်း မြိုင်မြို့နယ်မှာ ရိက္ခာလာပို့ပြီး ပြန်တဲ့ ကားကို လုံခြုံရေးစောင့်ပေးတဲ့ စစ်အုပ်စုကို မြိုင် PDF က သြဂုတ်လ ၁၆ရက် ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး စစ်သား၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ ဒီနေ့ မနက်၇နာရီကျော်လောက်က မိုင်း ၉လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိုင် PDF တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
" စစ်အုပ်ဘက်က ၃ ဦးသေတယ်ဆိုတာတော့အတည်ပြုလို့ရပါတယ်၊ သေတာ ၃ ဦးထက်ပိုနိုင်တယ်၊အင်အားကတော့ ၂၂ ယောက်လောက်ပဲရှိမယ်" လို့ ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ တဲကြီးရွာနားမှာ ကင်းပုန်းဝပ်နေကြပြီး ရိက္ခာလာပို့တဲ့ ကားတွေကတော့ ကံမဘက်ကနေ ပခုက္ကူမြို့ဘက်ကို ပြန်တက်ဖို့ စီစဥ်နေသလို မြိုင်မြို့နယ် အတွင်းမှာလည်း စစ်ကြောင်း ၃ကြောင်းနီးပါး ကျန်နေသေးတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment