မြိတ်၊ သြဂုတ် (၁၆)
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၌ ဆပ်ကြေးတောင်းနေသည့် ပြည်သူ့စစ်အဖွဲ့ကို ယနေ့နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပွဲခြင်းပြီးသေဆုံးကာ (၅)ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။
“ပြည်သူ့စစ်တွေအားကောင်းတော့ ဆိုင်ကယ်ဖမ်းတာလည်းသူ့တို့ပဲ ဧည့်စစ်တာလည်းသူတို့ပါတယ်။ လမ်းမှာသွားလာနေတဲ့သူတွေကို မသင်္ကာဘူးဆိုပြီး ဖမ်းတာလည်းပါတယ်။ စစ်ကောင်စီနဲ့မခြားပါဘူး လုပ်ပိုင်ခွင့်တွေလည်းပေးထားတယ် အားလုံးကအလိုတူအလိုပါတွေပါပဲ”ဟု ထို့အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
မြိတ်လေယာဥ်ကွင်းအနီးရှိ ကံဖျားမြေနီလမ်းထိပ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် (၁၅) ဦးခန့်ပါသည့်ကားကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပူးပေါင်းအဖွဲ့တို့က (နန်းထိုက်အောင်စစ်ဆင်ရေး)အနေဖြင့် မိုက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီအဖွဲ့က လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများပြုလုပ်နေသဖြင့် ပြည်သူများ သတိထားသွားလာကြရန်လည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မြိတ်အဝေးပြေးကွင်းအဟောင်းရှိအရက်ဆိုင်၊ ဘီယာဆိုင်များနှင့် စျေးဆိုင်များတွင် ဆပ်ကြေးကောက်နေသည့်အဖွဲ့ဖြစ်ကြောင်းလည်း ဒေသခံများထံမှသိရသည်။
Lu Nge Khit

No comments:
Post a Comment