ပခုက္ကူရှိ စစ်တပ်ကင်းစခန်းကိုတော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီလက်ပါးစေ (၆) ဦးသေ

Photo : Young Force

ပခုက္ကူ၊ ဩဂုတ် (၁၈)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန်(၆)လမ်းနှင့်(၇)လမ်းကြားရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ(၆)ဦးသေဆုံးသွားကြောင်း Pakokku People's Defense Force (PPDF) မှ သိရသည်။

"ကင်းစခန်းမှာ ခွေး(စစ်ကောင်စီလက်ပါးစေတပ်သား) (၁၀) ကောင်နဲ့အထက်ရှိတဲ့အချိန် တိုက်ခဲ့တာပါ။ သေတဲ့ထဲမှာ အရာရှိပါမပါတော့စုံစမ်းနေဆဲပါ။ အပြန်အလှန်ပစ်ခတ်မှုတွေတော့ ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး"ဟု PPDF မှ သတင်းပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးတာဝန်ခံ အတီးက လူငယ့်ခေတ်သို့ ပြောသည်။

တိုက်ခိုက်မှုကို ယနေ့ညနေ(၄)နာရီခွဲအချိန်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိနစ်(၃၀)ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလက်ပါးစေဖက်မှ (၆) ဦး သေဆုံးကာ (၃)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသော်လည်း လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထိုပြင် မြိုင်မြို့တွင်လည်း ယနေ့တိုက်ခိုက်မှုမျညးလုပ်ဆောင်ခဲ့ပြီး ပခုက္ကူ-မြိုင် လက်တွဲညီစွာဖြင့် တော်လှန်ရေးကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတီးက ပြောသည်။

တိုက်ခိုက်မှုကို Pakokku People's Defense Force (PPDF)၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(တပ်ရင်း ၁) ၊Young Force(UG) Southern Yso၊ PKU Ranger ၊ RSO PKU၊ မဟူရာအလင်းတန်းတပ်ဖွဲ့ ၊ တမာမြေပြောက်ကျားတပ်ဖွဲ့ ၊ သံမဏိသိန်းငှက်တပ်ဖွဲ့ တို့ပူပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Lu Nge Khit

ပခုက္ကူရှိ စစ်တပ်ကင်းစခန်းကိုတော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီလက်ပါးစေ (၆) ဦးသေ ပခုက္ကူရှိ စစ်တပ်ကင်းစခန်းကိုတော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီလက်ပါးစေ (၆) ဦးသေ Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.