မအူပင်မြို့တွင် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတစ်ဦး အချုပ်ခန်းအတွင်း ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံး


(မအူပင်)၊ ဩဂုတ်လ ၁၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးလုပ်သူတွေနဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသားတဦးဟာ ရဲစခန်းအချုပ်မှာ ဩဂုတ်လ ၁၀ ရက်နေ့က သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးကိုကိုနိုင်(ခ)ကိုပသီဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ညီဖြစ်သူ လက်နက်တွေနဲ့မိချိန်မှာ သူပါရောအဖမ်းခံရပြီး စစ်ကြောရေးမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။ 

“ ကိုပသီက သူ့ညီကို လက်နက်တွေနဲ့မိတော့ သူ့ကိုပါ စစ်ကောင်စီဘက်ကကောင်တွေက ဖမ်းသွားတာ ရိုနှက် ခံရတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးတော့ အဲ့ဒဏ်ရာတွေကြောင့်ပဲ ဆုံးသွားတာ ရဲစခန်းအချုပ်မှာပဲ ဆုံးတာ”လို့ မိသားစုနဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ရိုက်နှက်ခံရလို့ သေဆုံးခဲ့တဲ့ ဦးကိုကိုနိုင်(ခ)ကိုပသီဟာ နိုင်ငံရေးလည်းမလုပ်သလို တော်လှန်ရေးမှာလည်း ပါဝင်သူတဦးမဟုတ်ဘဲ ညီဖြစ်သူအဖမ်းခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စွပ်စွဲ ဖမ်းဆီးတာခံခဲ့ရသလို သေဆုံးချိန်မှာ အသက် ၅၆ နှစ်အရွယ်ရှိသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးလုပ်သူတွေနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းဆီးခံရတဲ့ ဦးကိုကိုနိုင်(ခ)ကိုပသီကို စစ်ကြောရေးမှာရိုက်နှက်စစ်ဆေးတာတွေကြောင့် ရရှိလာတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးခဲ့သလို သေဆုံးပြီးမှ လက်ထိပ်ကို ဖြုတ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။


Ayeyarwaddy Times 

မအူပင်မြို့တွင် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတစ်ဦး အချုပ်ခန်းအတွင်း ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံး မအူပင်မြို့တွင် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတစ်ဦး အချုပ်ခန်းအတွင်း ရိုက်နှက်စစ်ဆေးမှုများကြောင့် သေဆုံး Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.