စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွှာလ်(သစ်)ရွာကို သြဂုတ် ၁၄ ရက်တွင်မီးရှို့တဲ့ချိန်မှာ ဆယ်ကျော်သက်အရွယ်မောင်နှမ နှစ်ဦးကိုဖမ်းဆီးပြီး လမ်းမှာသတ်ဖြတ်ကြတယ်လို့သတင်းရရှိပါတယ်။
အသတ်ခံရတဲ့သူတွေကတော့ အသက် ၁၇ နှစ်အရွယ် Lal Nun Puii၊ အသက် ၁၅ နှစ်အရွယ် Lal Ruat Mawia တို့ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နေ့မှာပဲ ဟိုင်မွှာလ်(သစ်)ရွာကနေ ရိခေါ်ဒါရ်မြို့ဘက်လာတဲ့ လမ်းမှာ သေနတ်နဲ့ပစ်သတ်ပြီး မြေမြုပ်လိုက်တယ်လို့သိရတယ်။
အလောင်းကို ဒီနေ့ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီလောက်တွင်ရွာသားတွေက ပြန်လည်တွေ့ရှိပြီး ရွာအနီးမှာ ပြန်လည်သဂြိုလ်ကြတယ်လို့သိရတယ်။
Zalen
စစ်ကောင်စီဖမ်းဆီးတဲ့ ဆယ်ကျော်သက်အရွယ်မောင်နှမ အလောင်းတွေ့ရှိ
Reviewed by THITHTOOLWIN
on
20:43
Rating:

No comments:
Post a Comment