ကော့ကရိတ်မြို့ပေါ်တိုက်ပွဲ ခရိုင်ရဲမှူးအပါ ၆ဦး သေဆုံးကြောင်း ရဲကြေးနန်းစာ ပေါက်ကြား


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရဲစခန်း၊ မြို့မရဲစခန်းနှင့် ဘဏ်လုံခြုံရေးကင်းတို့ ဩဂုတ်လ ၁၅ရက်နေ့က တိုက်ခိုက်ခံရမှုတွင် ခရိုင်ရဲမှူးအပါအဝင် ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရမှုစာရင်း ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံး၏ လျို့ဝှက်စာ ပေါက်ကြားလာသည်။

ထိုလျို့ဝှက်စာတွင် ဩဂုတ် ၁၅ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်တွင် အမှတ် (၃) ခင်နိမ်းမူဂိတ်ဟောင်းလုံခြုံရေးသို့ Double Cap ၃စီးဖြင့် အင်အား ၄၀ခန့်ပါ ပြောက်ကျားတပ်များက လာရောက်တိုက်ခိုက်ခဲ့သလို အမှတ် (၃)ဂိတ်ကိုလည်း ဗောဓိကုန်းလမ်းအတိုင်း Double Cap လေးစီးဖြင့် အင်အား ၅၀ ခန့်က တစ်ပြိုင်နက် လာရောက်ပစ်ခတ်ခဲ့ကြောင်း ပါရှိသည်။

ထိုတိုက်ခိုက်မှုအပြီး ရဲမှူး မင်းသန်း (ခရရ (ကကရ) လုံ/ခွဲမှူး ခေတ္တ မနရမှူး)၊ ရဲတပ်ကြပ်ကြီး ပြည့်စုံဝင်းတို့ နှစ်ဦးမှာ သီးသန့်ရဲဝင်း ဆိတ်ခြံအနီး သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်ညွှန့် နှင့် ရဲတပ်ကြပ်ကြီး စိုးဝင်းတို့နှစ်ဦးမှာ ခရိုင်ရဲမှူးအိမ်ကင်း အိမ်ရှေ့ဘန်ကာအတွင်း နှင့် ခြံစည်းရိုးဘေးတို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။ ဗောဓိကုန်းပိတ်ဆို့ကင်းတွင်မူ ရဲတပ်ကြပ်ကြီး အောင်ထွန်း နှင့် ရဲဒုတပ်ကြပ် စိုင်းမင်းတို့ သေဆုံးခဲ့ကြောင်း ၎င်းတို့၏ လျို့ဝှက်အစီရင်ခံစာတွင် ပါရှိသည်။

ဒဏ်ရာရသည့် ရဲအရေအတွက်မှာ ၃ နေရာအတွင်း ရဲ ၄ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ယင်းအပြင် သီးသန့်ရဲဝန်းအတွင်းရှိ ၂ခန်းတွဲ နေအိမ်လိုင်းခန်း ၁လုံးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲနှင့် ပတ်သက်၍ KNU ဗဟို၏ ယမန်နေ့ညက သတင်းထုတ်ပြန်ချက်တွင်မူ ရဲမှူး အပါအဝင် ၁၂ဦး သေဆုံးပြီး လက်နက် ၆လက် နှင့် တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။


Tachileik News Agency 

ကော့ကရိတ်မြို့ပေါ်တိုက်ပွဲ ခရိုင်ရဲမှူးအပါ ၆ဦး သေဆုံးကြောင်း ရဲကြေးနန်းစာ ပေါက်ကြား ကော့ကရိတ်မြို့ပေါ်တိုက်ပွဲ ခရိုင်ရဲမှူးအပါ ၆ဦး သေဆုံးကြောင်း ရဲကြေးနန်းစာ ပေါက်ကြား Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.