ဟားခါး - ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ/ခဲယမ်း၊ ကျည်များတော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းရမိ
![]() |
ဓာတ်ပုံ- The Chin Journal |
ချင်းပြည်နယ် ဟားခါး နှင့် ထန်တလန်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။
ဩဂုတ် ၁၁ရက်မှ ၁၃ရက်အထိ ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က ကျဆုံးဒဏ်ရာရသူများခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ၏ စစ်လက်နက်ပစ္စည်းများ၊ ငွေသား ကျပ် ၁၀သိန်းခန့်နှင့် ဖုန်းတစ်လုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
ဩဂုတ် ၁၁ရက် ညနေပိုင်းတွင် ချင်းတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောငစီတပ်သားများ စခန်းချထားသည့် တဲအား အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကြောင်း၊ ယနေ့ (ဩဂုတ် ၁၃ရက်) နံနက်ပိုင်းတွင်လည်း သီမစ်ချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ၏ ကျည်ဆံများ၊ RPG ဗုံးသီးတစ်လုံးနှင့် အခြားစစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များက ရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ ဒေသတွင် ဇူလိုင် ၂၉ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်လှုပ်ရှားလာရာ ဇူလိုင် ၃၀ ရက်မှ ယနေ့အထိတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။
People's Spring

No comments:
Post a Comment