ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား ယနေ့ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅နာရီခွဲခန့်အချိန်တွင် ထီးလင်း PDF(YRPA) တပ်ဖွဲ့ဝင်များ၊ KKGတပ်ရင်း -၅ ၊ ဂန့်ဂေါတောင်ပိုင်း PDF၊ YDF တပ်ရင်း (၆/၇/၈/၁၄)၊ ဂန့်ဂေါတောင်ပိုင်း ပကဖ နဂါးညီနောင်အဖွဲ့ ၁ တို့အတူပူးပေါင်းကာ ထပ်မံတိုက်ခိုက်ကြတယ်လို့သတင်းရရှိပါတယ်။
PDF-Htilinအဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး KKG အဖွဲ့မှ Drone များဖြင့် အနီးကပ်သွားရောက်ပစ်ကူပေးခဲ့ရာ အချိန်တစ်နာရီခွဲခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ သြဂုတ် ၁၆ ရက်ကလည်း ယာဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းစစ်ဆင်ရေး အစမ်းလေ့ကျင့်တဲ့အနေနဲ့ မင်းရွာရဲစခန်းကိုတိုက်ခိုက်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်း မြစ်အရှေ့ဘက်ခြမ်းမှာတော့ စစ်တပ်ဘက်က ဆက်လက် စစ်ကြောင်းထိုး သွားလာနေပါတယ်။
Zalen
ယောဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မင်းရွာရဲစခန်းကို ထပ်မံတိုက်ခိုက်
Reviewed by THITHTOOLWIN
on
03:50
Rating:

No comments:
Post a Comment