ရန်ကုန်၊ သြဂုတ် ၁၃
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ ကျွန်းလယ်အုပ်ချုပ်ရေးမှူးရုံးကို ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် အဝေထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက် ကျားအဖွဲ့ တစ်ခုဖြစ်သည့် Emerald Girls Army မှ တာ၀န်ရှိသူကပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသည် စစ်ကောင်စီလက်အောက်ခံများ ရှိရာနေရာဖြစ်သည့်အပြင် ဆန္ဒပြပြည်သူများကို ဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် ရပ်ကွက်ရုံးဖြစ်သည့်အတွက် ဖောက်ခွဲတိုက်ခိုက်ရခြင်းဖြစ် သည်ဟု ၎င်းကပြောသည်။
အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အမိုးအကာနှင့် ကြမ်းပြင်များပျက်ဆီးသွားခဲ့ပြီး လက်ရှိအချိန်တွင် ရုံးကိုပိတ်ထားကာ ရုံးရှေ့မျက်နှာစာကိုလည်း အကာအကွယ်များပြုလုပ်ခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် အထိအခိုက်စာရင်းကိုမူ မသိရသေးပေ။
"မိုင်းဆင်တဲ့အနေအထားကတော့ ထိခိုက်မှုများအောင်လုပ်တာပဲ။ မိုးရေထဲမှာ လုပ်ရ တော့ လိုအပ်တဲ့ပစ်မှတ်ကိုမရောက်ဘူးလို့ ခံစားရတယ်"ဟု Emerald Girls Army တာ၀န်ရှိသူကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို နိုင်ငံရေးအကျည်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ ပြပြောက်ကျားအဖွဲ့၀င်များ အန္တရာယ်ကင်းခဲ့သည်။
Lu Nge Khit

No comments:
Post a Comment