မန္တလေး ကားဝင်းအနီးက ဘီယာဆိုင် ဒုတိယအကြိမ် ဗုံးထုခံရ၊ အိုးဝေမောင်းတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ၊

မန္တလေးမြို့ပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့ (ပုံဟောင်း)/Photo – CJ

သြဂုတ် - ၁၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကာကွင်းအနီး၊ (၈၉)လမ်းနှင့် (၂၃)လမ်းထောင့်က ဘီယာဆိုင် ဒီညနေ (၆)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားမှာ ရှိနေတဲ့ မီနီအိုးဝေမောင်းသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ့ MFP ကို ပြောပါတယ်။

“ဘီယာဆိုင်အနီးမှာ ပေါက်ကွဲမှု ဖြစ်တာ။ အိုးဝေးသမား တစ်ယောက် ထိခိုက် ဒဏ်ရာရတယ်။ သိပ်တော့ မစိုးရိမ်ရဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ဘီယာဆိုင်မှာ ပြီးခဲ့တဲ့ လပိုင်းကလည်း ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်းကလည်း ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဘီယာဆိုင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Unity Special Task Force – Mandalay က လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး၊ ငွေညှစ်၊ ညှဉ်းပန်းနှိပ်စက်ပြီး စိတ်ထင်တိုင်း သ-တ်-ဖြတ်တာတွေ လုပ်နေသလို တော်လှန်ရေး အင်အားစုတွေကလည်း စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

မန္တလေး ကားဝင်းအနီးက ဘီယာဆိုင် ဒုတိယအကြိမ် ဗုံးထုခံရ၊ အိုးဝေမောင်းတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ၊ မန္တလေး ကားဝင်းအနီးက ဘီယာဆိုင် ဒုတိယအကြိမ် ဗုံးထုခံရ၊ အိုးဝေမောင်းတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ၊ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.